Wednesday 15 June 2016

Dow Theory ဆိုတာ စတော့ဈေးရွေ့ ရှားမှု့ ကို နည်းစနစ်တကျ လေ့လာသုံးသပ်ခြင်း တမျိုးပါပဲ။

ဒေါနည်းစနစ်(Dow Theory)မှာ အခြေခံအားဖြင့် ၆ချက်ရှိပါတယ်။

၁# ဈေးကွက်ရွေ့ ရှားပုံ (၃)မျိုးဖြင့် ရွေ့ရှားခြင်း၊


(၁) အဓိက ရွေ့ရှားမှု့(Main Movement) - ဈေးနှုန်းအတက် သို့မဟုတ် အကျလမ်းကြောင်း(Major Trend) ဟာ အဓိကလမ်းကြောင်း အဖြစ် ၁နှစ်အောက် ကနေ နှစ်များစွာ ကြာ တည်ရှိနေတက်ခြင်းပါ။
(၂) အလယ်အလတ် တက်/ကျမှု့ (Medium Swing) - အလယ်အလတ် ဈေးလှုပ်ရှားမှု့ဟာ ၁၀ရက်ကနေ ၃လလောက်အထိ ကြာမြင့်တတ်ပါတယ်။ Main Movement စတင်သော မူရင်းဈေးပြောင်းလဲမှု့၏ ၃၃% မှ ၆၆% အတွင်း ဖြစ်တတ်ပါတယ်။
(၃) အချိန်တို တက်/ကျမှု့ (Short Swing) - အချိန်တို ဈေးလှုပ်ရှားမှု့မှာတော့ နာရီပိုင်းကနေပြီး လပိုင်းလောက် အထိဖြစ်တတ်ပါတယ်။

၂# ဈေးကွက်လှုပ်ရှားမှု့ ပြောင်းလဲခြင်း ၃ဆင့်၊



ဈေးနှုန်းပြောင်းလဲမှု့ အတက်အကျဖြစ်စဉ်မှာ အဆင့် ၃ ဆင့်ဖြင့် ဖြစ်ပေါ်တတ်ပါတယ်။
(၁) စုပုံခြင်း (Accumulation Phase) - ဈေးကွက်ဝယ်လိုအား ရောင်းလိုအား အရမ်းများကာ စုပုံနေခြင်းကြောင့် ပြောင်းလဲမှု့ဖြစ်ပေါ်ခြင်း၊
(၂)ကျွမ်းကျင်သော မြှုပ်နှံသူများ၏ ပါဝင်ပါတ်သတ်မှု့ (Public participation) - ထိုသူများ၏ ပါဝင်မှု့ကြောင့် ဈေးနှုန်းပြောင်လဲမှု့ မြန်ဆန်စွာ ဖြစ်ပေါ်တတ်ခြင်း၊
(၃)ဈေးကွက်သို့ ပြန်လည်ဖြန့်ဝေခြင်း (Distribution)- ဖြစ်စဉ် ၂ ကြောင့် ဈေးကွက်ဟာ ထင်ထားတဲ့အတိုင်း ဖြစ်မလာဘဲ ကမောက်ကမဖြစ်လာပါတယ်။ ထိုအချိန်မှ ဈေးကွက်ကျွမ်းကျင်သူ မြှုပ်နှံသူများမှ ကိုင်ထားသော ရှယ်ယာများကို ဈေးကွက်အတွင်း ပြန်လည်ဖြန့်ထုတ်လိုက်ခြင်း ဖြင့်ပြောင်းလဲမှု့ အဆင့် ၃ ဖြစ်ပေါ်လာပါတယ်။

၃# သတင်းများကြောင့် ဈေးကွက်ပြောင်းလဲခြင်း
 

ထွက်ပေါ်လာသော နောက်ဆုံးသတင်းများကြောင့် ဈေးကွက်လျှင်မြန်စွာ ပြောင်းလဲမှု့ ဖြစ်ပေါ်တတ်ပါတယ်။

၎# ဈေးကွက်မျှချေ သေချာမှု့ရှိခြင်း 



 ဒေါ (Dow) တို့ခေတ်တုန်းက US က စက်မှု့အင်အား အကြီးဆုံးပါ။ လုပ်သားအင်အား လည်းရှိပါတယ်။ ဒါပေမဲ့ စက်ရုံတွေက တစ်နိုင်ငံလုံး ပြန့်ကျဲနေတာ ဆိုတော့ စက်ရုံတွေက ရထားလမ်းကိုပဲ အားကိုးပြီး သယ်ပို့နေရတာ။ ဒေါ ရဲ့ ပထမဆုံး မျှခြေဈေကွက်ဝယ်ယူမှု့က စက်မှု့ထုပ်ကုန်လုပ်ငန်းတွေ နဲ့ ရထားလုပ်ငန်းနတွေပဲ ဖြစ်ပါတယ်။  သူ့စဉ်းစားပုံက စက်မှု့လုပ်ငန်း တိုးတက်လာတာနဲ့ အမျှ ရထား သယ်ယူပို့ဆောင်ရေးလုပ်ငန်းပါ ကောင်းလာမယ် ဖြစ်ပါတယ်။ ထုတ်ကုန် အမြတ်များလာတာ နဲ့ ပိုထုတ်လုပ်လာမယ်၊ ထုတ်ကုန်ပိုများလာရင် သယ်ယူပို့ဆောင်ရေးကို ပိုပြီးလိုအပ်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်း ၂ ခုလုံးက ညီညွတ်မျှတနေပြီး ဦးတည်ရာ တူနေပါတယ်။ ဈေးကွက်ဦးတည်ရာ ပြောင်းလဲမှု့ရှိရင်တောင် ခဏပဲဖြစ်ပြီး ပြန်ပြောက်သွားမှာပါ။

၅#  ဈေးကွက်အရွယ်အစား(Volume)က ဈေးကွက်ဦတည်ရာ(Trend)ကို သေချာစေခြင်း




 ဈေးကွက်အရွယ်အစားက ဈေးနှုန်းဦးတည်ရာကို ရွေးချယ်ပေးနိုင်တယ်လို့ ဒေါ (Dow) က ယုံကြည်ပါတယ်။ Volume များသွားရင်ပဲ ဖြစ်ဖြစ် နဲသွားရင်ပဲ ဖြစ်ဖြစ် ဈေးနှုန်းလိုက်ပါပြောင်းလဲလေ့ရှိပါတယ်။ ဒါကို ဒေါ(Dow)က အမှန်ကန်ဆုံး ဈေးကွက်အခြေနေကို ထင်ဟပ်ပြတာ လို့ ယုံကြည်တယ်။ Volume တိုးလာလေလေ ဈေးနှုန်းဦးတည်ရာက တစ်ဘက်တည်းကိုဘဲ တဖြည်းဖြည်း ရွေ့သွားမယ့် အချက်ပြခြင်းဘဲလို့ ဒေါ(Dow)က ဆိုထားပါတယ်။

၆# ဈေးကွက်ဦးတည်ရာ(Trend)သည် အဆုံးသတ်ပြီဖြစ်ကြောင်း သေချာစွာ အချက်ပြသည်ထိ မပြောင်လဲခြင်း 


 ဈေးကွက်ဆူညံခြင်း (Market Noise) ဖြစ်ခဲ့ရင်တောင် ဦတည်ရာ(Trend) ကမပြောင်လဲနိုင်ဘူးလို့ ဒေါ(Dow)က ယုံကြည်ခဲ့ပါတယ်။ ပြောင်းရင်လည်း ခဏအတွင်း မူလဦးတည်ရာကို ပြန်ရောက်လာမယ်။ ဦးတည်ရာ အသစ်( New Trend) ပြောင်းနိုင်ဖို့ဆိုတာ မလွယ်တော့ မလွယ်ပါဘူး။ ဒေါကို လက်ခံသူ တချို့ကတော့ ဒီအဆိုကို လက်မခံနိုင်ခဲ့ကြဘူ။ 

ref: wiki


FMI ကုမ္ပဏီရဲ့ သတင်းအချက်အလက်


First Myanmar Investment Company (FMI) သည် ၁၉၉၀ ပြည့် နှစ်စတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေပြဌာန်းမှုနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ဖွဲ့စည်းခဲ့ပါသည်။ ကနဦးဆုံး အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ၄င်းကုမ္ပဏီသည် ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲခြင်းနှင့်ခိုင်မာကွဲပြားခြားနားမှုတို့အား အာသီသရှိနေသော ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများအတွက် ရုတ်ချည်းအောင်မြင်သောကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။

Sunday 20 December 2015

Sniper vs Machine gun

Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့
……………………………………………………………………………………………………………………
Beginner Traders အတော်များများ ဟာ trades တွေကို ၀င်တဲ့အခါ များသောအားဖြင့် အလွယ်တကူ ၀င်လိုက်ကြပါတယ်။ မြတ်မယ် ထင်တယ် ဆိုရင် order တွေ ဖွင့်လိုက်ကြပါတယ်။ နည်းနည်းမြတ်နိုင်လား၊ များများ မြတ်နိုင်သလား သေချာ တွက်ချက်တဲ့ အလေ့ အထ အတော် နည်းပါးတာကို တွေ့ပါတယ်။ တချို့ Trading Group တွေထဲမှာလည်း ဘယ်လောက်မြတ်သွားပြီး ဆိုပြီး မြတ်တာလေးတွေကို Screen Shot တွေရိုက်ပြီးတင်ထား တာတွေ ကြည့်ရင် သိနိုင်ပါတယ်။ Trade တွေ ၀င်ထားတဲ့ Lot Size တွေ တူညီနေတာ (ဒါဟာ money management ကို မသုံးထားဘူးဆိုတာ သိနိုင်ပါတယ်)၊ ရထားတဲ့ အမြတ်တွေ ကြည့်လိုက်ရင်လည်း နည်းနည်း စီနဲ့ Trade တွေ အများ ကြီး ရှိနေတာကို ကြည့်ရင် သူတို့တွေဟာ မဲမဲ မြင်ရ လိုက်ပစ်နေတဲ့ Machine Gun သမားတွေလို ဖြစ်နေပါတယ်။ ထိချင်တဲ့ အကောင်ထိ၊ ရချင်သလောက်ရ ဆိုတာလိုမျိုး ဖြစ်နေတာကတော့ အသေအချာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်နေဆဲပါပဲ။ လေ့ကျင့် ရဦးမှာပါ။ ဒါကြောင့်မို့ ကျွန်တော် လေ့လာ ထားမိတဲ့ “ Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့” ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ စာတစ်ပုဒ် ရေးမယ်လို့ စိတ်ကူးမိပါတယ်။ အမှားအယွင်းများ ရှိခဲ့လို့ရှိရင်လည်း လိုသလို ပြင်ဆင် ဖတ်ရှု့ပေးပါလို့လည်း ကြိုတင် တောင်းပန်ပါရစေ။

Machine-gunner & Sniper

Sniper သမား ဆိုတာကတော့ မိတ်ဆွေတို့လည်း မြင်ဖူး သိဖူး ကြမယ်ထင်ပါတယ်။ နိုင်ငံခြား ရုပ်ရှင်တွေ၊ Game တွေထဲမှာ တွေ့ဖူး မြင်ဖူး ကြမှာပါ။ Sniper သမား နဲ့ပဲ စလိုက်ကြပါစို့။

Friday 18 December 2015

ဖယောင်းတိုင်လေးတွေကပြောသော ဈေးကွက်အခြေနေ (၂)

# 4 : Piercing Pattern & Dark Cloud

candle လေး ၂ ခုမှာ ပထမတခုက အမဲရောင် သို့ မဟုတ် အနီရောင်(Bearish candle) ဖြစ်မယ် ၊ ဒုတိယတခုကတော့ အဖြူရောင် သို့ မဟုတ် အစိမ်းရောင်( Bullish candle) ဖြစ်ပြီးတော့ ဒုတိယနေ့ Bullish candle က ပထမနေ့  Bearish candle ရဲ့  ထက်ဝက်ကျော် (50% )အထက် လောက်မှာ ဈေးပိတ်သွားမယ် ပြီးတော့ ဒုတိယနေ့ အဖွင့်ဈေးက ပထမနေ့ အပိတ်ဈေးအောက် ဈေးအနည်းငယ်ကျဆင်းသွားပြီးမှ ဖွင့်မယ်ဆိုရင် ဒါကို Piercing Pattern လို့ ခေါ်ကြပါတယ်၊။ ( အစိမ်းရောင် သို့  အဖြူရောင် candle ဟာ အပိတ်ဈေးက အဖွင့်ဈေးထက်မြင့်တာကို ဖော်ညွှန်းပြီး အနီရောင် သို့  အမဲရောင် candle က အပိတ်ဈေးက အဖွင့်ဈေးအောက်နိမ့်တယ်လို့ ဆိုလိုပါတယ်) Piercing Pattern ကို downtrend မှာတွေ့ ရင် မကြာခင်မှာ ဈေးတက်တော့မှာမို့ လို့  stock တခုကိုဝယ်ယူခြင်း သို့ မဟုတ် short position ကို close out လုပ်ခြင်းတို့ ကို လုပ်သင့်ပါတယ်၊ ဒါပေမယ့် အဲဒီ pattern တခုတည်းကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးလည်းမလုပ်သင့်ဘူး၊ တခြား indicator တွေနဲ့ တိုက်ဆိုင်ကြည့်ပြီးမှ လုပ်တာကပိုပြီးသေချာတာပေါ့၊ တကယ်တမ်းကြတော့ Piercing Pattern ဟာ တခြား indicator တွေက buy signal ပြတဲ့အချိန်မှာ သူ့ နဲ့ တိုက်ဆိုင်ကြည့်ပြီး ဝယ်သင့် မဝယ်သင့် confirm လုပ်တဲ့ Pattern တခုဖြစ်ပါတယ်၊ ပုံ-၁ နဲ့  ပုံ -၂ ကိုကြည့်ပါ၊ 
 
 

# 5: Bullish Harami & Bearish Harami
Stock price တခုဟာ downtrend အနေနဲ့  ကျဆင်းနေတဲ့ အချိန်မှာ ရုတ်တရက် Bullish group တွေက market ထဲကိုဝင်လာပြီး မနေ့ က အပိတ်ဈေးထက် မြင့်တဲ့ဈေးတခုနဲ့  ဒီနေ့  ဈေးကိုစဖွင့်လိုက်ကြတယ်၊ တချိန်ထဲမှာပဲ Bearish group တွေကလည်း မနေ့ က ဆုံးရှုံးသွားတာကို ကာမိဖို့ အတွက် သူတို့ ရဲ့  short position ကို close လုပ်ကြတဲ့အတွက် stock ဈေးဟာကျနေရာကနေ အခြေနေပြောင်းသွားပြီး ဈေးပြန်တက်လာပါတယ် အဲဒီလို ဈေးကွက်ထဲမှာဖြစ်ပျက်နေတာကို stock chart ရဲ့  candlestick လေးတွေက အခုလိုဖော်ပြပေးပါတယ်၊ အမဲရောင် သို့  အနီရောင် (အားလုံးအရောင်တူ) Bearish candle လေးတွေဟာတာက်လျောက်ကျဆင်းနေပြီး တနေရာအရောက်မှာ အဖြူရောင် သို့  အစိမ်းရောင် candle လေးအဖြစ်ပြောင်းသွားပါတယ် ( အဲဒီပြောင်းတဲ့နေရာမှာ ပထမ Bearish candle က ရှည်ပြီး ဒုတိယ Bullish candle ရဲ့  open နဲ့  close price ဟာ ပထမ Bearish candle ရဲ့  အတွင်းထဲမှာရှိနေရပါမယ်) အဲဒီလိုဖြစ်ပေါ်လာသော Pattern ကို Bullish Harami လို့ ခေါ်ပါတယ် ၊ အပုံ-၁ မှာကြည့်ပါ၊ 

Bearish Harami ကတော့ Bullish Harami ရဲ့  ပြောင်းပြန်ပေါ့ ဈေးတက်နေတဲ့အချိန်မှာ Bearish Group တွေဝင်လာမယ် မနေ့ ကအပိတ်ဈေးအောက် နိမ့်တဲ့ဈေးနဲ့  ဒီနေ့  ကို ဈေးစဖွင့်မယ်၊ Bull တွေလည်း ဈေးကျတော့မယ်ဆိုပြီး သူတို့  stock တွေကိုရောင်းထုတ်ပြီး အမြတ်တွေသိမ်းလိုက်ကြတဲ့အတွက် တက်နေတဲ့ stock ဟာအခြေနေပြောင်းသွားပြီးဈေးအကျဘက်ဦးတည်သွားပါတယ်၊ candlestick ကတော့ ဒီလိုပြပါမယ်၊ အစိမ်း သို့  အဖြူ ရောင် Bullish Candle တွေဟာ အရောင်တူလေးတွေအဖြစ်နဲ့  တောက်လျောက်တက်နေရာက တနေရာအရောက်မှာ Bearish candle အဖြစ်ပြောင်းသွားပါတယ် ၊ အဲဒီပြောင်းတဲ့နေရာမှာ ပထမ Bullish candle က ရှည်ပြီး ဒုတိယ Bearish candle ရဲ့  open နဲ့  close price ဟာ ပထမ candle ရဲ့  အတွင်းမှာ ရှိနေပါလိမ့်မယ်၊ အပုံ-၂ ကိုကြည့်ပါ.




#6 :Morning star & Evening star
Downtrend တခုရဲ့  အောက်ခြေမှာ candle လေးသုံးခုဟာ အပုံ-၁ မှာပြထားသလိုတွေ့ ရရင် Morning star လို့  ခေါ်ပါတယ်. Morning star Pattern ဖြစ်ပေါ်ဖို့ အတွက် အောက်ပါအချက်လေးချက်နဲ့  ကိုက်ညီရပါမယ်.

၁) downtrend ဖြစ်ရမယ် ..
၂) ပထမ candle က အမဲ သို့  အနီရောင်ဖြစ်ပြီး candle ကရှည်ရမယ်.. ၃) ဒုတိယ candle ကတော့ တို ပြီး မည်သည့်အရောင်မဆိုဖြစ်နိုင်ပါတယ်..ပြီးတော့ ပထမ candle ရဲ့  အောက်ဘက်မှာ ဈေးပိတ်သွားမယ်...
၎) တတိယ candle က အဖြူ သို့  အစိမ်းဖြစ်ပြီး ရှည် ရမယ်..ပြီးတော့ ဒုတိယ candle ရဲ့  အပေါ်ဘက်မှ ဈေးစဖွင့်ပြီး ပထမ candle ရဲ့  ထက်ဝက်ကျော်လောက်မှာ ဈေးပိတ်သွားမယ်..
Morning star Pattern ကိုတွေ့  ရင် မကြာခင်မှာ trend ရဲ့  ဦးတည်ရာလမ်းကြောင်းပြောင်းတော့မယ်လို့  သိနိုင်ပါတယ်..အပုံ-၂ မှာကြည့်ပါ၊ 


Evening star ကတော့ Morning ရဲ့  ပြောင်းပြန်ပေါ့.. uptrend မှာ candle လေး သုံးခုကိုတွေ့ မယ် . ပထမ candle က အဖြူ သို့  အစိမ်းဖြစ်မယ် .candle body ရှည်မယ်.. ဒုတိယ candle ကတော့ body တိုပြီး ပထမ candle ရဲ့  အပေါ်ဘက်က ဈေးပိတ်သွားမယ် ( အရောင်ကတော့မည်သည့်အရောင်မဆိုဖြစ်နိုင်တယ်) . တတိယ candle ကတော့ အမဲ သို့  အနီဖြစ်မယ်. ရှည်မယ်..ဒုတိယ candle ရဲ့ အောက်ဘက်က ဈေးစဖွင့် ပြီး ပထမ candle ရဲ့  ထက်ဝက်ကျော်လောက် နိမ့်ကာ ဈေးပိတ်သွားရင် evening star pattern လို့  သိနိုင်ပြီး မကြာခင်မှာ uptrend ရဲ့  ဦးတည်ရာလမ်းကြောင်းပြောင်းတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ် . အပုံ-၃ နဲ့  -၄ ကိုကြည့်ပါ..



# 7 : Shooting Star & Inverted hammer
Stock price တခုဟာ uptrend အနေနဲ့ ဈေးတက်နေတဲ့ အချိန်မှာ candle ရဲ့  body ထက် နှစ်ဆခန့် ရှည်တဲ့ အပေါ်ဘက်က နေ့ တနေ့ အတွက် အမြင့်ဆုံးဈေးကိုဖော်ပြတဲ့ မျဉ်းထောင်လေးတခုနဲ့  candlestick ကိုတွေ့ ရင် shooting star လို့  သိနိုင်ပြီး မကြာခင်ဈေးကျတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ်. Shooting star တွေမှာ အများအားဖြင့် နေ့ တနေ့ အတွက်အနိမ့်ဆုံးဈေးကိုဖော်ပြတဲ့ မျဉ်းစိုက်လေးဟာပျောက်နေတတ်ပြီး candle body ရဲ့ အရောင်ကိုတော့ ထည့်သွင်းစဉ်းစားခြင်းမရှိသော်လည်း အမဲ သို့  အနီရောင်ဆိုရင်တော့ ဈေးကျဖို့ ရာခိုင်နှုန်းများတာပေါ့ .(shooting star pattern ဟာ hanging man pattern ကိုပြောင်းပြန်ထောင်တာနဲ့ တူပါတယ်) ပုံ-၁ ကိုကြည့်ပါ..
 

Inverted Hammer pattern ကတော့ hammer pattern ကိုပြောင်းပြန်ထောင်ထားတာဖြစ်ပါတယ်..shooting star ပုံစံနဲ့ အတူတူပဲဖြစ်ပြီး downtrend တွေမှာတွေ့ ရလေ့ရှိပါတယ်၊ downtrend အနေနဲ့  ဈေးတောက်လျောက်ကျလာပြီး candlestick လေးဟာ inverted hammer ပုံစံဖြစ်သွားပြီဆိုရင် မကြာခင်မှာ ဈေးတက်တော့မယ်လို့ ခန့် မှန်းနိုင်ပါတယ်။ candle body အပေါ်က မျဉ်းထောင်လေး ရှည်လေလေ ဈေးအတက်ကြမ်းလေလေပါပဲ၊၊ ထုံးစံအတိုင်း တခြား indicator တွေနဲ့ တိုက်ဆိုင် နှိုင်းယှဉ်ကြည့်ဖို့ တော့မပျင်းနဲ့ ပေါ့ ၊၊ အပုံ-၂ ကိုကြည့်ပါ..


ရေးသူ-C2
https://www.facebook.com/Stock-share-အကြောင်းသိကောင်းစရာများ

Thursday 17 December 2015

IQ Option Binary Option

IQ Option ဆိုတာကတော့ Trading ရောင်းဝယ်မှု့ ၏ အသေးငယ်ဆုံးသော ပုံစံတစ်မျိုး ဖြစ်ပြီး ဈေးတက်ခြင်း (Call) နှင့် ဈေးကျခြင်း (Put) တို့ မှ ၁ခုကို ရွေးချယ်ကာ အချိန်တို (60 sec or 15 mins)တခု အတွင်း ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါတယ်။ လောင်းကစား အနည်းငယ်ဆန်ပါတယ်။ သေချာစွာ လေ့လာကာ Demo အစမ်းဖြင့် ဦးစွာ စမ်းသပ်လေ့လာစေလို ပါတယ်။ US 1$ မှ စတင်ရောင်းဝယ်နိုင် သဖြင့် အရင်းအနှီးကြီးကြီးဖြင့် မစတင်လိုသူများ အတွက်အဆင်ပြေပါတယ်။

 IQ Option ကိုဘယ်လို Account ဖွင့်မလဲ..
၁။ ဒီလင့်ကိုသွားပါ : http://iqoption.com
၂။ "open account" or "Registration" ကိုသွား နှိပ်လိုက်ပါ။


၃။နာမည်၊ email၊ password ဖြည့်ပါ။ open account ကိုနှိပ်ပါ။


၎။activation code တစ်ခု သင့်emailထဲကို ပို့ပါလိမ့်မယ်။ comfirm registration ကိုနှိပ်ပြီး activate လုပ်ပါ။
၅။Activate လုပ်ပြီးတာနဲ့ IQ Option platform ထဲကိုတခါတည်ရောက်သွားပါပြီ။
ပထမဦးအကြိမ် ၀င်ရောက်ဖူးသောသူများ အတွက် ညာဖက်အောက်ထောင့်တွင် "How to Trade" ဆိုသောခလုပ်နှိပ်ကာ ဘယ်လို Trade လုပ်သလဲကို လေ့လာနိုင်ပါတယ်။

၆။Demo account နဲ့အရင်လေ့လာပြီးမှ ငွေသွင်းကာ real account သို့သွားသင့်မသွားသင့် ဆုံးဖြတ်ပါ။
Demo account နဲ့အရင်လေ့လာပြီးမှ ငွေသွင်းကာ real account သို့သွားသင့်မသွားသင့် ဆုံးဖြတ်ပါ။
 Console ရဲ့ညာဖတ်မှာ Turbo နဲ့ Binary ဆိုပြီးရွေးချယ်နိုင်ပါတယ်။
Turbo က 60 seconds စာရောင်းဝယ်မှု့ ဖြစ်ပြီး
Binary က 15 minutes စာရောင်းဝယ်မှု့ ဖြစ်ပါတယ်။ 
 ၇။ Real account ကိုဖွင့်ရန် Platform ညာဖတ်အပေါ်ထောင့်ရှိ Deposit ကိုနှိပ်ပါ။ ငွေသွင်းမှု့ ပုံစံရွေးချယ်ကာ ထည့်သွင်းလိုသော ပမာဏကိုရွေးပါ။ နောက်ဆုံး make deposit ကိုနှိပ်ပါ။ ငွေသွင်းပြီးပြီဖြစ်ပါတယ်။
၈. ငွေထုတ်ခြင်းအတွက် ဘယ်ဘက်အပေါ်ဆုံးထောင့်ရှိ menu ကိုနှိပ်ပါ။ Personal cabinet အောက်မှ withdrawals ကိုနှိပ်ပါ။ ထုတ်လိုသော ငွေပမာဏနှင့် ဖုန်းနံပါတ်ကို ဖြည့်ပါ။ 
 









သာမန် အကောင့်အတွက် ငွေထုတ်ခြင်းမှာ ၃ရက်ကြာမြင့်မှာ ဖြစ်ပြီး VIP ကတော့ ၁ရက်ပဲကြာမှာဖြစ်ပါတယ်။
Mr.Forex

Etoro ဖြင့် ပိုက်ဆံရှာခြင်း


 
မြန်မာနိုင်ငံမှာ Forex Trading တွေ စတင်ခေတ်စားလို့ နေပါပြီ.။ Forex Trading ဆိုတာ Currency Exchange ကိုအသုံးပြုပြီး ဈေးတက်မယ်ထင်တဲ့ငွေအမျိုးအစားကိုဝယ်ယူ၊ ဈေးကျမယ်ထင်တဲ့အမျိုးအစားကို ရောင်းထုတ်ခြင်းခြင့် ပိုက်ဆံရှာနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်.။ Stock Exchange နဲ့ပုံစံတူပေမယ့် Forex က အရွယ်အစားပိုကြီးပါတယ်.။ မြန်မာနိုင်ငံမှာလဲ Brooker တွေ Agent တွေ ရှိနေပြီဖြစ်ပါတယ်.။ Etoro ဟာလဲ Forex Trading Platform တစ်ခုဖြစ်ပါတယ်.။ ဒါပေမယ့် အခြား platfrom တွေနဲ့တော့ မတူပါဘူး.။
Etoro ဆိုတာဘာလဲ
Etoro ဆိုတာ Trading Platform ကို Social နဲ့ တွဲဖက်ထားတာလို့ ဆိုနိုင်ပါတယ်.။ "Facebook for Forex" ပေါ့.။ တစ်ယောက်ယောက်က Currency ကို အရောင်းအဝယ်ကစားရင် တခြားသူတွေက မြင်ရတယ်.။ အဲလိုပေါ့.။ ဒီမှာကောင်းတဲ့အချက်က ခုမှစလုပ်တဲ့သူတွေ ကစားရင် မြင်ရသလို ဆရာ့ဆရာကြီးတွေ ကစားရင်လဲ မြင်ရတယ်.။ နောက်တစ်ခုက Copy ကူးရုံနဲ့ ပိုက်ဆံရှာလို့ရပါတယ်.။
Copy ကူးခြင်းဖြင့် ပိုက်ဆံရှာခြင်း
Etoro မှာ အကောင့်တစ်ခုလုပ်၊ ပိုက်ဆံ deposit သွင်းပြီးတာနဲ့ Copy ကူးလို့ရပါပြီ.။ Copy ကူးတယ်ဆိုတာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ Trade လုပ်နေတာကို ကိုယ်ကဘာမှအားစိုက်စရာမလိုဘဲ Copy ကူးထားရုံနဲ့ သူတို့ Trade တဲ့အတိုင်း ကိုယ့်အကောင့်ကလဲ Trade လိုက်လုပ်သွားတာကို ဆိုလိုပါတယ်.။
Etoro မှာ Trade လုပ်နိုင်တဲ့အမျိုးအစား လေးမျိုးရှိပါတယ်.။ Currency (Forex), Stocks (Apple, Google), Commodities (ရွှေ၊ ငွေ၊ ရေနံ), နဲ့ Indices ဆိုပြီးရှိပါတယ်.။ အများဆုံး Trade ကျတာကတော့ Forex နဲ့ Commodities ပါ.။
Etoro မှာ ကော်ပီကူးလို့ရသလို ကိုယ်တိုင်လဲ Trade လုပ်လို့ရပါတယ်.။ သင့်အနေနဲ့ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ကိုယ်တိုင် Trade မလုပ်ဖို့ ပြောပါရစေ.။ ကိုယ်တိုင်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာလေ့လာဖို့လိုပါတယ်.။
Etoro နှင့် စတင်ပိုက်ဆံရှာခြင်း
Etoro မှာ ပိုက်ဆံရှာဖို့အတွက် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ပါ.။
Step 1: Etoro ကို ဒီ Link ကနေတဆင့် အကောင့်ဖွင့်ပြီး ဝင်ရောက်ပါ.။
Link >> http://etoro.tw/1RxCpSM
Etoro က သင့်ကို Free Bonus ပေးမှာဖြစ်ပါတယ်.။ ဒါပေမယ့် သင် Copy Trade စလုပ်ဖို့အတွက် Deposit နည်းနည်းတင်ဖို့တော့ လိုအပ်ပါတယ်.။ Trader တစ်ယောက်ကို Copy ကူးဖို့အတွက် $100 လိုအပ်ပါတယ်.။ $400 လောက်အသုံးပြုပြီး 4 ယောက်လောက်ကို Copy ကူးကြည့်ဖို့ အကြံပေးချင်ပါတယ်.။ Trader တိုင်းဟာ အမြဲတမ်းတော်နေတာမဟုတ်တဲ့အတွက် 4 ယောက်လောက်ကို ကူးထားခြင်းဖြင့် သင့်ငွေတွေအကုန် ဆုံးရှုံးသွားခြင်းမျိုး မဖြစ်နိုင်တော့ပါဘူး.။ Deposit တင်ဖို့အတွက် Visa, MasterCard, Paypal တစ်ခုခုလိုအပ်ပါတယ်.။
Step 2: Copy စကူးကြည့်ပါ.။ Copy ကူးမယ့်သူတွေကို People ထဲမှာ ရှာလို့ရပါတယ်.။ တစ်ချို့သူတွေရဲ့ Trade တွေဟာ သင်က သူ့ကို Copy ကူးထားပေမယ့် သူလုပ်တဲ့ Trade တွေအားလုံးကို မကူးဘဲ တစ်ချို့တစ်လေကျန်နေတာ တွေ့ရတတ်ပါတယ်.။ အဲဒါက သင် Copy ကူးတဲ့ Amount နည်းလို့ပါ.။ တစ်ယောက်ကို $100 လောက်နဲ့ပဲကူးရင် အားလုံးကို ခြုံမိမှာပါ.။
Step 3: စိတ်ရှည်ရှည်စောင့်ပါ.။ စိတ်ရှည်ခြင်းဟာ ဒီနေရာမှာ အဓိကသော့ချက်ပါ.။ တစ်ချို့ Trader တွေဟာ တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ Trade ကြပါတယ်.။ တစ်ချို့ကတော့ အများကြီး Trade တတ်ပါတယ်.။ စိတ်မရှည်ဘဲ ကိုယ်ကိုယ်တိုင် Trade ကြည့်ဖို့ စိတ်မကူးပါနဲ့.။ တကယ်လို့ Trader တစ်ယောက်ဟာ (3) ပတ်လောက်အတွင်း တစ်ခါမှ Trade မလုပ်ဘူးဆိုရင်တော့ တစ်ခြားတစ်ယောက်ကို ပြောင်းပြီး Copy ကူးသင့်ပါတယ်.။
Copy Trading အတွက် Tips & Tricks များ
ကိုယ့်ဟာကိုယ် Trade ဖို့မကျိုးစားပါနဲ့ဦး.။ မကျွမ်းကျင်ဘဲလုပ်မိရင် ရှိသမျှကုန်သွားနိုင်လို့ပါ.။ ပြီးတော့ အရှုံးခံနိုင်တဲ့ Amount ကိုသာ ထည့်သွင်းပြီးစမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ်.။ ကိုယ့်ဟာကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ Demo Account နဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်.။
အနည်းဆုံး ၄ ယောက်ကို Copy ကူးပါ.။ Trading ဟာ Risk များပါတယ်.။ ၄ ယောက်လောက်ကို ဖြန့်ပြီး Copy ကူးခြင်းဖြင့် Risk ကို လျှော့ချနိုင်ပါတယ်.။
100% Gain ရှိနေတဲ့သူတွေကို ကော်ပီမကူးပါနဲ့.။ သူတို့ဟာ High Risk ယူတဲ့သူတွေဖြစ်ပါတယ်.။ 30% Gain ပတ်ဝန်းကျင်ရှိသူတွေကိုပဲ Copy ကူးပါ.။
www.myanmarleaders.com

ဖယောင်းတိုင်လေးတွေကပြောသော ဈေးကွက်အခြေနေ (၁)


'ပုံ-၁'
ပုံ-၁
Candlestick chart နဲ့ ပတ်သက်ပြီး post အဟောင်းတခုမှာပြောခဲ့ဖူးပါတယ်၊ ဒီတခါ တော့ candlestick လေးတွေရဲ့  ပုံစံကိုကိုကြည့်ပြီး ဈေးနှုန်းအတက်အကျ အပြောင်းအလဲကို ဘယ်လို ခန့် မှန်းလို့ ရသလဲဆိုတာကိုပြောပြပါမယ်၊
Candlestick ရဲ့ ဖယောင်းတိုင်ပုံစံ body က အပိတ်ဈေးက အဖွင့်ဈေးထက် မြင့်သလား နိမ့်သလားဆိုတာကိုဖော်ပြပါတယ်၊ Candlestick ရဲ့  body က အမဲရောင် သို့ မဟုတ် အနီရောင်ဆိုရင် အပိတ်ဈေးက အဖွင့်ဈေးထက်နိမ့်ပြီး အဖြူရောင် သို့ မဟုတ် အစိမ်းရောင်ဆိုရင် အပိတ်ဈေးက အဖွင့်ဈေးထက်မြင့်ကြောင်းသိနိုင်ပါတယ်၊Candlestick ရဲ့  body အပေါ်ဘက်က မျဉ်းထောင်လေးက ဒီနေ့ အတွက် သိ့ မဟုတ် ဒီတပတ်အတွက် အမြင့်ဆုံးဈေးကိုဖော်ညွှန်းပြီး အောက်ဘက်က မျဉ်းစိုက်လေးက အနိမ့်ဆုံးဈေးကိုဖော်ညွှန်းပါတယ်၊ ပုံ-၁ ကိုကြည့်ပါ၊ အဲဒီ candlestick လေးတွေကိုကြည့်ုပြီး ဈေးကွက်ထဲမှာ ရှိတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား အနည်းအများကိုဖြစ်ပေါ်စေတဲ့ လူတွေရဲ့  စိတ်ခံစားမှု့ ကိုသိနိုင်ပါတယ်၊ မှတ်ရလွယ်အောင် အဲဒီလူတွေကို တစုက ဈေးကျမယ်လို့  ထင်ပြီးရောင်းချင်တဲ့အုပ်စု ( Bear group) နဲ့  နောက်တစုက ဈေးတက်မယ်ထင်လို့  ဝယ်ချင်တဲ့အုပ်စု ( Bull group) ဆိုပြီးတော့ အုပ်စု ၂ စု ခွဲ လိုက်ပါမယ်၊ ဈေးကွက်ထဲမှာ Bull group က အင်အားများလာရင် ဝယ်လိုအားများပြီးဈေးတက်လာမယ်၊ Bear group က အင်အားများလာရင် ရောင်းလိုအားများပြီး ဈေးကျလာနိုင်ပါတယ်၊ candlestick ရဲ့  pattern လေးတွေကိုကြည့်ပြီး အမျိုးအစားခွဲကြည့်ရင် အောက်ပါအတိုင်းတွေ့  ရပါမယ်၊