Wednesday 15 June 2016



FMI ကုမ္ပဏီရဲ့ သတင်းအချက်အလက်


First Myanmar Investment Company (FMI) သည် ၁၉၉၀ ပြည့် နှစ်စတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေပြဌာန်းမှုနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ဖွဲ့စည်းခဲ့ပါသည်။ ကနဦးဆုံး အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ၄င်းကုမ္ပဏီသည် ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲခြင်းနှင့်ခိုင်မာကွဲပြားခြားနားမှုတို့အား အာသီသရှိနေသော ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများအတွက် ရုတ်ချည်းအောင်မြင်သောကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။
ကုမ္ပဏီ၏ အများပြည်သူသို့ ရှယ်ယာရောင်းချမှုကို အပြည့်အ၀၀ယ်ယူခဲ့ကြပြီး ဆက်လက်၍ အစုရှယ်ယာရှင်များအတွက် လျော့ဈေးဖြင့်ရောင်းချပေးသော အစုရှယ်ယာများနှင့် အစုရှယ်ယာအသစ်များ ထပ်မံရောင်းချမှုများမှာလည်း အောင်မြင်မှုရှိခဲ့ပါသည်။
ယနေ့အချိန်တွင် နှစ်ပေါင်း (၂၀)ကျော်ကြာ တည်ငြိမ်စွာရရှိခဲ့သည့် အမြတ်အစွန်းနှင့် အထင်ကြီးလောက်သည့် အမြတ်ဝေစုများ ထုတ်ပေးနိုင်သော မှတ်တမ်းရှိခြင်းကြောင့် မြန်မာနိုင်ငံ၌ ကုမ္ပဏီအုပ်စု၏ ပြည်တွင်း အဓိကကုမ္ပဏီဖြစ်သည့် FMI ကို အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ထားပါသည်။
FMI ၏ စီးပွားရေးအရ ခိုင်မာတောင့်တင်းမှု အင်အားသည် ၄င်း၏ မဟာဗျူဟာမြောက် ဖြန့်ကျက်ရင်းနှီးမြှုပ်နှံ ထားရှိမှု တစ်ခုတည်းကြောင့် သာမဟုတ်ဘဲ ၄င်း၏ ကျွမ်းကျင်သောစီမံခန့်ခွဲမှု၊ တင်းကျပ်သောကုမ္ပဏီ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု တို့ကြောင့်လည်း ဖြစ်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များသည် ကုမ္ပဏီစည်းမျဉ်းများကို တိကျစွာလိုက်နာ၍ ကုမ္ပဏီ၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မှန်ကန်စွာ ဆောင်ရွက်မှု ရှိစေရန်အတွက် လွတ်လပ်စွာ ဆောင်ရွက်ကြပါသည်။
ကျွန်ုပ်တို့အနေဖြင့် ခန့်မှန်းခြေ ၀န်ထမ်း ၃,၀၀၀ ခန့်အပ်ထားပြီး ၎င်းတို့အနက် ၁၈ ဦးမှာ FMI ရုံးချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
SPA ၊ Yoma တို့နှင့် ဆက်သွယ်ပေါင်းစည်းထားခြင်း
FMI သည် ညီနောင်ကုမ္ပဏီများဖြစ်သော Serge Pun & Associates (SPA) နှင့် Yoma Strategic Holdings Ltd. တို့နှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ကိုင်လျက် ရှိပါသည်။ ကုမ္ပဏီသုံးခုစလုံးကို ဦးသိမ်းဝေ (Serge Pun) က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ဦးရွက်ြပုပြီး မကြာခဏဆိုသလို စီမံကိန်းများတွင်အတူတကွ ပါဝင်ဆောင်ရွက်ကြပါသည်။ FMI သည် အစုရှယ်ယာရှင်ထောင်ချီရှိသော မြန်မာနိုင်ငံ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီတစ်ခု ဖြစ်သလို SPA မှာလည်း ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Yoma Strategic Holdings မှာ Singapore Stock Exchange (SGX) တွင် မှတ်ပုံတင်စာရင်းဝင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။
SPA ၊ YOMA တို့နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ၄င်းတို့၏ ၀က်(ဘ်)ဆိုက်များဖြစ်သော
www.spa-myanmar.com | www.yomastrategic.com တို့တွင် ကြည့်ရှုနိုင်ပါသည်။

ခံယူချက်သဘောထား

ကျွန်ုပ်တို့၏ ဖောက်သည်များ
အပြောင်းအလဲမရှိခြင်း၊ မျှတခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းစသည့် ကျွန်ုပ်တို့၏ SPA Quality Service အကောင်းဆုံး ၀န်ဆောင်မှုကို ပေးခြင်းဖြင့် ဖောက်သည်များ၏ ကျေနပ်မှုကို ဆောင်ကျဉ်းပေးပါမည်။ ကျွန်ုပ်တို့ ရှင်သန်ရပ်တည်နေမှုသည် “ဖောက်သည်” ကြောင့်သာ ဖြစ်သည်ဆိုသော အချက်နှင့် နှလုံးသားမှ ဖြစ်ပေါ်လာသော ၀န်ဆောင်မှုသည်သာ အနာဂတ်တွင် “ဖောက်သည်များ” ပိုမိုရရှိမည်ဆိုသော အချက်ကို မည်သည့်အခါမှ မေ့မည်မဟုတ်ချေ။
ကျွန်ုပ်တို့၏ ရှယ်ယာရှင်များ
ကျွန်ုပ်တို့၏ အားထုတ်လုပ်ကိုင်မှုသည် ရှယ်ယာရှင်များအနေဖြင့် အမြတ်အများဆုံး ရရှိနိုင်ရေးအပေါ် အာရုံစိုက်နေရမည် ဖြစ်သည်။ အစုရှယ်ယာရှင်များက ကျွန်ုပ်တို့အားယုံကြည်မှုရှိခြင်းကို တန်ဖိုးထားပါသည်။ ဤကဲ့သို့သော ယုံကြည်အားထားမှုကို ဂုဏ်သိက္ခာ၊ ၀ယ်ယူအားပေးသူဖောက်သည်၏ကျေနပ်မှုနှင့် ထက်မြက်သော လုပ်ငန်းကျွမ်းကျင်မှုတို့ဖြင့် ရရှိထားသော အမြတ်အစွန်းတို့ဖြင့် ကျွန်ုပ်တို့ဘက်က ပြန်လည်ပေးဆပ်သွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ လူနေမှုအသိုင်းအ၀ိုင်း
ကျွန်ုပ်တို့လုပ်ကိုင်နေသည့် ပတ်ဝန်းကျင်နှင့် လူနေမှုအသိုင်းအ၀ိုင်းတို့ကို ကျွန်ုပ်တို့အနေဖြင့် ဂရုစိုက်ပါသည်။ ကျွန်ုပ်တို့၏လုပ်ငန်းခွင် လူနေမှုအသိုင်းအ၀ိုင်းကို ကူညီပံ့ပိုးပြီး အကျိုးကျေးဇူးများစွာရရှိစေရန်နှင့် သဘာဝအရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် အလေးထားသွားမည် ဖြစ်ပါသည်။


credit: www.fmi.com.mm

No comments:

Post a Comment