Sunday 20 December 2015

Sniper vs Machine gun

Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့
……………………………………………………………………………………………………………………
Beginner Traders အတော်များများ ဟာ trades တွေကို ၀င်တဲ့အခါ များသောအားဖြင့် အလွယ်တကူ ၀င်လိုက်ကြပါတယ်။ မြတ်မယ် ထင်တယ် ဆိုရင် order တွေ ဖွင့်လိုက်ကြပါတယ်။ နည်းနည်းမြတ်နိုင်လား၊ များများ မြတ်နိုင်သလား သေချာ တွက်ချက်တဲ့ အလေ့ အထ အတော် နည်းပါးတာကို တွေ့ပါတယ်။ တချို့ Trading Group တွေထဲမှာလည်း ဘယ်လောက်မြတ်သွားပြီး ဆိုပြီး မြတ်တာလေးတွေကို Screen Shot တွေရိုက်ပြီးတင်ထား တာတွေ ကြည့်ရင် သိနိုင်ပါတယ်။ Trade တွေ ၀င်ထားတဲ့ Lot Size တွေ တူညီနေတာ (ဒါဟာ money management ကို မသုံးထားဘူးဆိုတာ သိနိုင်ပါတယ်)၊ ရထားတဲ့ အမြတ်တွေ ကြည့်လိုက်ရင်လည်း နည်းနည်း စီနဲ့ Trade တွေ အများ ကြီး ရှိနေတာကို ကြည့်ရင် သူတို့တွေဟာ မဲမဲ မြင်ရ လိုက်ပစ်နေတဲ့ Machine Gun သမားတွေလို ဖြစ်နေပါတယ်။ ထိချင်တဲ့ အကောင်ထိ၊ ရချင်သလောက်ရ ဆိုတာလိုမျိုး ဖြစ်နေတာကတော့ အသေအချာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်နေဆဲပါပဲ။ လေ့ကျင့် ရဦးမှာပါ။ ဒါကြောင့်မို့ ကျွန်တော် လေ့လာ ထားမိတဲ့ “ Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့” ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ စာတစ်ပုဒ် ရေးမယ်လို့ စိတ်ကူးမိပါတယ်။ အမှားအယွင်းများ ရှိခဲ့လို့ရှိရင်လည်း လိုသလို ပြင်ဆင် ဖတ်ရှု့ပေးပါလို့လည်း ကြိုတင် တောင်းပန်ပါရစေ။

Machine-gunner & Sniper

Sniper သမား ဆိုတာကတော့ မိတ်ဆွေတို့လည်း မြင်ဖူး သိဖူး ကြမယ်ထင်ပါတယ်။ နိုင်ငံခြား ရုပ်ရှင်တွေ၊ Game တွေထဲမှာ တွေ့ဖူး မြင်ဖူး ကြမှာပါ။ Sniper သမား နဲ့ပဲ စလိုက်ကြပါစို့။
Military Sniper သမား တစ်ယောက်ဟာ ရန်သူကို ပစ်မယ် ဆိုရင် သူဟာ ဘာတွေလုပ်သလဲ။ သူဟာ ရန်သူအပေါ် မှာ အာရုံစူးစိုက်မှု ထားရှိရပါမယ်။ အဲ့ဒီ စူးစိုက်မှု ဟာ စိတ်လှုပ်ရှားမှု မရှိခြင်း၊ သူ သုံးတဲ့ လက်နက် အပေါ်မှာ ကျွမ်းကျင်မှု ရှိရပါမယ်။ နောက်ပြီး သူရဲ့ စိတ်နဲ့ ကိုယ်ကို ပြင်ပ အနှောက်အယှက် တစ်စုံတစ်ရာ ဖိအားတွေ များများ ရှိနေတဲ့ အချိန်မှာတောင်မှ ကြာမြင့်စွာ သတိရှိရှိ ထိန်းချုပ်နိုင်မှု စွမ်းရည် လည်း ရှိရပါမယ်။ ဒါကတော့ Sniper သမားတစ်ယောက်အတွက် အဓိက လိုအပ်ချက် အနည်းငယ်ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တူညီတဲ့ ဒီလိုအယူ အဆ တွေကို Forex trading မှာ အသုံးချ နိုင်ရပါမယ်။

ကဲ Forex trading Snipper သမား အကြောင်း ဆက်လိုက်ဦးစို့……

Forex Trading ဆိုတာ အင်မတန်မှ ရိုးရှင်းပါတယ်။ ဒါကို ကျွန်တော်တို့ စစ်ပွဲ တစ်ခုလို ယူဆကြပါစို့။ ဒါဆိုရင် ကျွန်တော်တို့ စစ်ပွဲတစ်ခုကို အောင်နိုင်အောင် တိုက်ဖို့ဆိုရင် Weapons တွေလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီ Weapons တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် နဲ့ ထိမ်းထိမ်း နိုင်စွမ်း အသုံးချ နိုင်စွမ်းလည်း ရှိပြီးသားလည်း ဖြစ်ရပါမယ်။ အလားတူ Forex Trading မှာလည်း ကျွန်တော်တို့ဟာ အောင်မြင်ဖို့နဲ့ အောင်မြင်မှုကို ထိမ်းသိမ်းနိုင်ဖို့ အတွက် ကိုယ်ပိုင် စည်းကမ်းချက် နဲ့ ထိမ်းချုပ်မှု ဆိုတာတွေလည်း လုပ်ရဦး မှာပါ။ ကျွန်တော်တို့ရဲ့ Trading weapon အတိုင်း overtrade and over-leverage တွေကို ချိန်ညှိနိုင်ရန် အတွက်လည်း တသဝေမတိမ်း လိုက်နာ ဆောင်ရွက် ရပါမယ်။ ယခု trading ကို စစ်ပွဲ တစ်ခုလို ပဲ သဘောထား ပြီး ကြောင့်ကြစိတ်တွေ အနီးအနား မှာ မရှိအောင် မောင်ထုတ်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုတည်ငြိမ် ဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တွေကို သတိရှိရှိ ထိမ်းချုပ်နိုင်ဖို့အတွက် အများကြီး လိုအပ်နေပါတယ်။

Trades တွေကို အမျှော်အမြင်ရှိရှိ စီစစ်ပြီး သေချာ ရွေးထုတ် လေ့လာထားပြီး Trading လုပ်လေ့ရှိတဲ့ Traders အများစု ဟာ Forex ကို Sniper သမား ကဲ့သို့ trading လုပ်နေသူများ ပဲဖြစ်ပါတယ်။ သူတို့ဟာ များသော အားဖြင့် Long-term မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ပဲ machine-gun traders တွေဟာ အရာရာတိုင်း မြင်မြင်သမျှ ပစ်ခတ်နေသလို Trading ကိုလည်း လွန်ကဲ များပြားစွာပဲ ပြုလုပ်နေကြလေ့ရှိပါတယ်။ ဒါဟာ စစ်ပွဲမှာ ကျည်ဆံကုန် ရာကို ဦးတည်နေသကဲ့သို့ Trading မှာလည်း ကိုယ်ပိုင်ငွေကြေးတွေကို အလွန်လျှင်မြန်စွာပဲ ကုန်ဆုံးစေပါတယ်။ ဈေးကွက်ထဲမှ ရရှိနိုင်တဲ့ သူတို့ရဲ့ အမြတ်တွေကို နည်းပါးအောင် ပြုလုပ်နေသလိုလည်း ဖြစ်နေပါတော့တယ်။ အရာရာကို လိုက်ပစ်နေသလိုမျိုး Trade တိုင်းကို ၀င်နေမယ့်အစား sniper တစ်ယောက်ကဲ့သို့ Trade လုပ်ဖို့ အတွက် ကျွန်တော်တို့ ဘယ်လို လေ့လာကြမလဲ ဆိုတာကို ဆွေးနွေးကြရအောင်..။
• Accept that less is more in Forex trading
Military Sniper သမား တစ်ယောက်ဆီက ကျွန်တော်တို့ Traders တွေ သင်ယူနိုင်တဲ့ အရာတွေထဲက တစ်ခုကတော့ စိတ်ချ ကျိန်းသေ သေချာ တဲ့ အခြေအနေ သို့ နီးနိုင်သမျှ နီးအောင် ပိုမို ချည်းကပ်ခြင်းပါပဲ။ Forex trading မှာလည်းပဲ တိကျတဲ့ အခြေအနေ တစ်ခု ကို နီးနိုင်သမျှ နီးအောင် ပိုမို၍ ချည်းကပ်ရပါမယ်။ သို့သော်လည်း ဒီလို ဖြစ်ဖို့ ဆိုတာကတော့ Beginning traders တွေ အတွက် ခက်ခဲ နိုင်ပါသေးတယ်။ Forex indicators တွေ များစွာ လေ့လာဖို့ လိုသလို trades တွေကိုလည်း ပိုမို စီစစ်ပြီး ၀င်ဖို့ လိုပါတယ်။ Trading robots တွေကို အသုံးမပြုပဲ ငွေကြေးတွေနဲ့ အသုံးပြုကြည့် ဖို့ လည်း လိုပါတယ်။
သတင်းမှားတွေ၊ indicators တွေက ပြတဲ့ အချက်အလက် မှားတွေ ကို ယုံကြည်မိတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေကို လည်း ပြောပြချင်ပါသေးတယ်။ မှန်တယ်လို့ ယုံကြည်မိတဲ့အတွက် လွန်ကဲစွာ ၀င်မိတဲ့ over-trading တွေ ဖြစ်တက်တာပါပဲ။ တကယ့်ကိုပဲ forex traders အများစုဟာ အများအားဖြင့် machine-gunnersတွေ ဖြစ်နေကြတဲ့ အတွက် ကျည်ဆံ(ငွေ) တွေကို ဖြုန်းပြစ်နေသလို ဖြစ်နေ ပြန်ပါတယ်။ ဒါဟာ သူတို့ရဲ့ trading accounts တွေကို ကောင်းတဲ့ဖက်ကို သွားတာထက် ပိုမို ဆိုးဝါး စေတော့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်သင့်တာကတော့ Trade တွေကို ၀င်ဖို့ ကျိုးစားတဲ့ အခါ Sniper သမားကဲ့သို့ ပိုပြီး လုပ်သင့်ပြီးတော့ အကယ်၍ Machine-gunner သမားလို လုပ်နေတယ် ဆိုရင်တော့ လုပ်ရပ်တွေကို နည်းနိုင်သမျှ နည်းအောင် လျော့ချ လိုက်စေချင်ပါတယ်။ ပထမ အဆင့်အနေနဲ့ Sniper သမား ဟာ ပစ်မှတ်ကို နီးကပ်သထက် နီးအောင် ချည်းကပ်ပြီး ထိမိနိုင်တဲ့ ပစ်ကွင်းကို အရယူ သကဲ့သို့ Trader ဟာလည်း Forex Trading သို့ ပိုမို နီးကပ်သထက်နီးကပ်အောင် ချည်းကပ်ဖို့ ပဲ ဖြစ်ပါတယ်။
Sniper သမား တစ်ယောက်ဟာ သူ ကြိုတင်ဆုံးဖြတ်ထားတဲ့ ပစ်ကွင်း မြင်ကွင်းထဲသို့ ၀င်လာတဲ့ အထိကို စိတ်ရှည်စွာ စောင့်ဆိုင်းပါတယ်။ ကျွန်တော်တို့ မှာ လိုအပ်နေတာကတော့ ကျွန်တော်တို့ ကြိုတင် တွက်ချက်ထားတဲ့ Trading edge တွေကို ဈေးကွက်ထဲမှာ တကယ် ပြလာမယ့် အချိန်အထိ စိတ်ရှည်စွာ ဘယ်လိုစောင့်ဆိုင်း ရမလဲဆိုတာ သင်ယူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
Price action traders တွေဖြစ်တဲ့ ကျွန်တော်တို့မှာ ရှိတဲ့ အလွန်ပဲ အကျိုးရှိစေတဲ့ trading edge တွေဟာ sniper သမားကဲ့သို့ တိတိကျကျ သေသေချာချာ trading လုပ်မည် ဆိုပါက ကျွန်တော်တို့ကို ဈေးကွက်ထဲမှာ ကြီးမားတဲ့ အခွင့်အရေး တွေရရှိနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ကြိုတင် တွက်ချက်ထားတဲ့ trading edge တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး စစ်မြေပြင်ကတော့ daily charts တွေပါပဲ လို ဆိုပါရစေ။ ဒါဆိုရင် ကျွန်တော်တို့ ဘယ်လို Time frame ကို အသုံးချမလဲ ဆိုတာကို ဆက်လေ့လာကြပါစို့။

• Higher time frames
ပထမဦးစွာ ကျွန်တော် တိုက်တွန်း ပြောပြချင်တာကတော့ daily chart တွေဟာ forex sniper တစ်ယောက် ဖြစ်ရန် Traders တွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်စေဖို့ အတွက် စစ်မြေပြင် အနေဖြစ် သုံးသင့်နေတယ် ဆိုတာကိုပါပဲ။ ဒီလို ဘာကြောင့် ပြောရတာပါလဲ။ ဘာကြောင့်လဲ ဆိုတော့ daily chart တွေဟာ သူ့ထက်ငယ်တဲ့ ဘယ် Time Frame ကိုမဆို နှိုင်ယှဉ်ကြည့်လိုက် တဲ့အခါမှာ ကျွန်တော်တို့ကို highest value or highest probability targets တွေကို ပေးပါတယ်။ Weekly charts တွေကလည်း ထို့နည်းလည်းကောင်း အမှား ကင်းလေ့ရှိပါတယ်။ သို့သော်လည်း အဲ့ဒီ weekly charts တွေကတော့ လစဉ် ကျွန်တော်တို့အတွက် လုံလောက်တဲ့ targets တွေကို မပေးနိုင်တဲ့ အပြင် Daily chart ထက်ကိုလည်း လက်တွေ့ကျကျ Trade လုပ်နိုင်တဲ့ အခြေအနေဟာ သိပ်မရှိပါဘူး ။
Higher time frames တွေအပေါ်မှာသာ higher-value တွေကဲ့သို့ သော အရာတွေကိုသာ ရရှိနိုင်တယ်လို့ ကျွန်တော်တို့ အနေနဲ့ တွေးတော ရမှာပါ။ ဒါဟာ Price action setups တွေဖြစ်တဲ့ Tergets တွေပါပဲ။ အစစ်အမှန်အားဖြင့်လည်း higher time frame တွေမှာ higher probability setup တွေဟာ ဖြစ်ပေါ်လာတက် သောကြောင့် ဖြစ်ပါတယ်။ Higher time frames တွေမှာ Trading လုပ်ခြင်းဟာ Trading success အားကို ပိုမို မြင့်မား တိုးတက်စေပါတယ်။ Pre-planned တစ်ခုအပေါ်မှာ ရှိနေတဲ့ sniper သမားတစ်ယောက်ဟာ mission ၀င်တဲ့အခါမှာ high-value targets တွေကို ရယူနိုင်ခဲ့မယ် ဆိုရင် စစ်ပွဲရဲ့ အကြောင်းတရားဟာ ပြောင်းလဲ သွားနိုင်သလိုပါပဲ၊ Forex trading မှာလည်းပဲ ကျွန်တော်တို့ဟာgreatest positive impact ဆိုတဲ့ ရလဒ် အဖြင့် ရယူနိုင်တဲ့ highest-probability trade setups တွေ ကို ရှာဖွေရမယ် ဆိုတဲ့ နည်းလမ်းကို အသုံးပြုရပါမယ်။
ဒီနေရာမှာ Machine-gunner သမား အကြောင်း နည်းနည်း ပြောပါရစေ။ Lower time frames တွေ အပေါ်မှာ machine-gun trading လုပ်နေမယ်ဆိုရင်တော့ ဆုံးရှုံးဖို့ တစ်ခုကလွဲပြီး ဘယ်အရာမှ မဖြစ်လာဖို့ များပါတယ်။ ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကျည်ဆံတွေ တစ်ဖြစ်လဲ ငွေတွေဟာ ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် ကုန်သွားမှာပဲ ဖြစ်ပါတယ်။ ဒါဟာ အမှန်ပါပဲ။ ကျွန်တော်တို့ကို တကယ် ရှုံးနိမ်ကျသွားစေမယ့် Time frame တွေ ဖြစ်တဲ့ value or probability of the tergets or setups တွေ လျော့ကျမှု အားများတဲ့ 1 Hr chart တွေရဲ့အောက် ဘယ် time frame မှာ မဆို အမြဲတမ်း trading လုပ်နေမယ်လို့ စိတ်ကူး မနေပါနဲ့လို့ ပြောပါရစေ။ ကျွန်တော်တို့ အနေနဲ့ high-value or high-probability setups တွေ ရှိတဲ့ daily chart တွေကိုပဲ စိတ်ဝင်စားသင့်ပါတယ်။ ဒါဟာ ဖြစ်နိုင်ချေလည်း များပါတယ်။ အထူး သဖြင့် Trade ကို သင်ယူနေဆဲ အချိန်တွင်းမှာ ဆိုရင် ကျွန်တော်တို့ ပိုပြီး လိုက်နာသင့်ပါတယ်။

• Patience
Sniper သမား တစ်ယောက်အတွက် တိတိကျကျ လိုက်နာ ရမယ် အခြား အချက်တစ်ချက်ကတော့ သီးခံနိုင်မှု အားကောင်းခြင်း၊ သီးခံနိုင်မှု ရှိခြင်းပါပဲ။ သီးခံခြင်း ဆိုတာ မျက်လှည့် တစ်မျိုးလည်း ဖြစ်ပါတယ်။ သူဟာ အရာရာတိုင်းလိုလို ဖန်တီးနိုင်စွမ်းလည်း ရှိနေပါတယ်။ စနိုက်ပါ သမား အတွက် သီးခံနေခြင်း ဟာ အလုပ်လည်း ဖြစ်ပါတယ်။ Forex sniper တစ်ယောက် ဖြစ်လာချင်တယ် ဆိုရင်တော့ ဒီလို မျက်လှည့်ဆန်တဲ့ သီးခံမှုမျိုး ကို ကျွန်တော်တို့ အသုံးပြုဖို့ လိုကို လိုနေတာပါ။ Trading ကို စတင် လုပ်နေကြသော traders အများစုဟာ ဈေးကွက်ထဲမှာ သူတို့ရဲ့ငွေကြေးတွေ ကို ဆုံးရှုံးလိုက်ကြရပါတယ်။
အစစ်အမှန်မဟုတ် ပဲ တကယ် ပိတ်သိမ်းခြင်း မရှိသေးတဲ့ jumping signal တွေကဲ့သို့သော ထင်ရှားတဲ့ signals တွေဖြင့် trading ပြုလုပ်ချင်နေတဲ့ traders တွေ အတွက် အားနည်းချက် လိုအပ်ချက် ကြောင့် ဖြစ်ပေါ်လာတဲ့ ယိမ်းယိုင်မှု တစ်ခုပါပဲ။ ဒီလိုမျိုး ဖြစ်တက်လာတဲ့ သဘောကတော့ လူတွေဟာ ငွေကြေးနဲ့ပတ်သက်လာရင် ဖြစ်တက်တဲ့ သီးမခံနိုင်မှု ရဲ့ သဘာဝ ပဲ ဖြစ်ပါတယ်။ အခြားနည်းအားဖြင့် ဆိုရသော ဒါကို ဒေါသ လို့လည်း ပြောလို့ရပါသေးတယ်။ သို့သော်လည်း ကျွန်တော်တို့ဟာ patient Forex trader တစ်ယောက် ဖြစ်လာဖို့ ကို သင်ကြားခဲ့ခြင်း မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ဟာ ဘယ်တော့မှာ ကိုယ်ပိုင်း ထိမ်းချုပ်နိုင်သူ ကဲ့သို့သော အောင်မြင်တဲ့ Forex trader တစ်ယောက်၊ Forex sniper တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

• Mastery of strategy အပြီးတိုင်တတ်ကျွမ်းခြင်း။ တဖက်ကမ်းခပ်ခြင်
Sniper သမား တစ်ယောက် ဟာ သူတို့ရဲ့ shooting skill များ ပိုမို perfect ဖြစ်ဖို့နဲ့ ပစ်မှတ်မလွဲ ဖို့ ကို နှစ်ပေါင်းများစွာ လေ့ကျင့်ရပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ ပစ်မှတ်ကို တိတိကျကျ သိထားရမှာ ဖြစ်သကဲ့သို့ ပစ်သည့်အခါမှာလည်း တုံ့ဆိုင်းခြင်း မရှိပဲ ခလုတ်ဆွဲ နိုင်ရမှာ ဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ လည်း ကျွန်တော်တို့ ရွှေးချယ်ထားတဲ့ Forex trading strategy တစ်ခုစီ ကို ဈေးကွက်မှာ အသုံးချဖို့အတွက် လေ့ကျင့်ထားဖို့ လိုအပ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ တိတိကျကျ သိထားဖို့ကတော့ ကျွန်တော်တို့ ဖွင့်ထားတဲ့ charts တွေအပေါ်မှာ အချိန်တိုင်း ဘာကို စောင့်ကြည့်နေမှာလဲ ဆိုတာကိုပါပဲ။ ဒီ့ထက်ပိုပြီး လုပ်ဖို့လိုအပ်တာကတော့ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ မှန်ကန်တဲ့ the Forex trading strategy ကို အပြီးတိုင်တက်ကျွမ်းဖို့ကို လိုအပ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ ဒါကို တက်ကျွမ်း မထားဘူး ဆိုရင် Forex sniper တစ်ယောက်ကဲ့သို့အောင်မြင်မှု ပြည့်ပြည့်၀၀ အလား အလာ ရှိတဲ့ သူတစ်ယောက် ဘယ်တော့ မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
Trading strategy ကို ကျွမ်းကျင် ပိုင်နိုင်ဖို့ အတွက် သင်တန်း တွေ မှာ သင်ယူနိုင်ပါတယ်။ အကယ်၍ high-probability price action trading strategies ဖြင့် အလုပ်လုပ် ဖို့ ကျွန်တော်တို့ ရွေးချယ်လိုက်ပြီ ဆိုပါက ကျွန်တော်တို့ Forex trading training တွေကို တက်ရောက်ဖို့ အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်။ လိုအပ်တယ် ဆိုရင်ပေါ့လေ။ သင်ယူခဲ့ပြီး၊ လေ့လာခဲ့ပြီး ဆိုရင်တော့ ကိုယ်တိုင် လက်တွေ့ကျကျ လေ့ကျင့်ဖို့ အလွန်ကို လိုအပ်ပါတယ်။ လုံ့လ၀ိရိယ စိုက်အားထုတ်ရပါမယ်။ အချိန်ပေးရပါမယ်။ လက်တွေ့ကျကျ ဒီအကြောင်းတွေကို သိဖို့ လိုအပ်ပါတယ်။ ဒါဟာ အချိန်ယူရပါတယ်။ အရာရာတိုင်းအတွက် master တစ်ယောက်ဖြစ်ဖို့ ဆိုတာ အချိန်ယူရပါတယ်။Forex trading မှာလည်း အဓိပ္ပါယ် မကွဲပြားပါဘူး။ ဆိုလိုရင်း သဘောကို သိပြီး လိုက်နာ ကျင့်သုံးပြီး ဆိုရင်တော့ သင်ထင်ထားတာထက် ပိုပြီး မကြာခင်မှာပဲ sniper သမားတစ်ယောက်ကဲ့သို့ စတင် Trading လုပ်နိုင်ပါလိမ့်မယ်။
• Developing a sniper-like Forex trading mindset
နောက် Forex trading sniper တစ်ယောက် ရဲ့စိတ် ဟာ ယုံကြည်မှု နဲ့ စည်းကမ်းတိကျ လိုက်နာ တက်ဖို့ကိုလည်း မွေးဖွားထားရပါမယ်။ Sniper တစ်ယောက်လို ဖြစ်အောင် ပိုမို ကျိုးစား၍ machine-gunner တစ်ယောက်လို လုပ်နေတာတွေကို လျော့ချပြစ်ပါ။ Forex trading ယုံကြည်မှုနဲ့ စည်းကမ်းလိုက်နာ တက်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပါ။ နောက်ပိုင်းကျရင် ကျွန်တော်တို့ကဟာ စိတ်ရှည်ခြင်းရဲ့ အကျိုးရလဒ်ကို ရလာတဲ့ အခါမှာ ကောင်းကျိုး ခံစားရပြီ ဖြစ်တဲ့ အတွက် အချိန်တိုင်းမှာ ကျွန်တော်တို့ ရဲ့သီးခံမှုကို မြင့်ဖို့ အတွက် တဖြည်းဖြည်း ပြုပြင်ချင်လာပါလိမ့်မည်။
ဒါဟာ sniper သမားကဲ့သို့သော Forex trading mindset ဖွံ့ဖြိုးခြင်းရဲ့ မူလ ပထမ အဆင့်တွေပဲဖြစ်ပါတယ်။ သို့သော်လည်း traders အများစုဟာ ဒီ့အပေါ်မှာ ကျရှုံးကြပါတယ်။ ဒါဟာဘာကြောင့်လည်း ဆိုတော့ သူတို့ဟာ သီးခံခြင်း နဲ့ စည်းစနစ်ကျခြင်း ရဲ့ စွမ်းအားတွေကို နားမလည်ကြလို့ပဲ ဖြစ်ပါတယ်။ Traders အများစုဟာ machine-gun trader အဖြင့် သာ ပြုလုပ်ရန် လိုလား အားထုတ်လေ့ရှိကြတယ်။ ဂရုစိုက်ကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ကိုယ် သူတို့ စွမ်းအားပြည့် နေတယ်ထင်ပြီးတော့ ထိန်းချုပ်မှု အောက်တွင်လည်း ရှိနေသည်ဟု ခံစား နေရ၍ ဖြစ်သည်။ ဒါဟာ လွဲမှားနေသော ယုံကြည်ချက် ဖြစ်နေသည်။ ဖြစ်ရပ်အမှန်ကတော့ ကျွန်တော်တို့ အနေနဲ့ ဈေးကွက်ကို ဘယ်တော့မှ ထိန်းချုပ်လို့ မရဘူး ဆိုတဲ့ mindset ရှိဖို့လိုသည်။ သို့ပေမယ့် Traders အများစုဟာ forex market ကို ထိန်းချုပ်ဖို့ ပိုမို ကျိုးစား ပါတယ်။ ဒါဟာ အစစ်အမှန် မဟုတ်ပါဘူး။ တစ်ခုထဲသော ကျွန်တော်တို့ထိန်းချုပ်ဖို့ တက်နိုင်တဲ့ အရာကတော့ ကျွန်တော်တို့ ကိုယ်တိုင် sniper တစ်ယောက်လိုမျိုး trade လုပ်နိုင်အောင် သင်ယူနေဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဟာ သိသာထင်ရှားစွာ တိုးတက်လာပါမယ်။ကျွန်တော်တို့ရဲ့ Forex trader တစ်ယောက် အဖြင့် အောင်မြင်ဖို့ အခွင့်အရေးများ ဟာ သိသာထင်းရှားစွာ တိုးတက်လာပါလိမ့်မယ်။
ကြီးပွါးအောင်မြင် တိုးတက်ကြပါစေ။…..
*****Nonentity Trader

1 comment:

  1. The King Casino Archives - Hertzaman
    The King 출장마사지 Casino Archives, including news, articles, videos, address, gaming info, herzamanindir.com/ The King Casino & Hotel in Henderson, https://septcasino.com/review/merit-casino/ NV is one of the newest hotels and microtouch solo titanium motels gri-go.com on

    ReplyDelete