Sunday 20 December 2015

Sniper vs Machine gun

Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့
……………………………………………………………………………………………………………………
Beginner Traders အတော်များများ ဟာ trades တွေကို ၀င်တဲ့အခါ များသောအားဖြင့် အလွယ်တကူ ၀င်လိုက်ကြပါတယ်။ မြတ်မယ် ထင်တယ် ဆိုရင် order တွေ ဖွင့်လိုက်ကြပါတယ်။ နည်းနည်းမြတ်နိုင်လား၊ များများ မြတ်နိုင်သလား သေချာ တွက်ချက်တဲ့ အလေ့ အထ အတော် နည်းပါးတာကို တွေ့ပါတယ်။ တချို့ Trading Group တွေထဲမှာလည်း ဘယ်လောက်မြတ်သွားပြီး ဆိုပြီး မြတ်တာလေးတွေကို Screen Shot တွေရိုက်ပြီးတင်ထား တာတွေ ကြည့်ရင် သိနိုင်ပါတယ်။ Trade တွေ ၀င်ထားတဲ့ Lot Size တွေ တူညီနေတာ (ဒါဟာ money management ကို မသုံးထားဘူးဆိုတာ သိနိုင်ပါတယ်)၊ ရထားတဲ့ အမြတ်တွေ ကြည့်လိုက်ရင်လည်း နည်းနည်း စီနဲ့ Trade တွေ အများ ကြီး ရှိနေတာကို ကြည့်ရင် သူတို့တွေဟာ မဲမဲ မြင်ရ လိုက်ပစ်နေတဲ့ Machine Gun သမားတွေလို ဖြစ်နေပါတယ်။ ထိချင်တဲ့ အကောင်ထိ၊ ရချင်သလောက်ရ ဆိုတာလိုမျိုး ဖြစ်နေတာကတော့ အသေအချာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်နေဆဲပါပဲ။ လေ့ကျင့် ရဦးမှာပါ။ ဒါကြောင့်မို့ ကျွန်တော် လေ့လာ ထားမိတဲ့ “ Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့” ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ စာတစ်ပုဒ် ရေးမယ်လို့ စိတ်ကူးမိပါတယ်။ အမှားအယွင်းများ ရှိခဲ့လို့ရှိရင်လည်း လိုသလို ပြင်ဆင် ဖတ်ရှု့ပေးပါလို့လည်း ကြိုတင် တောင်းပန်ပါရစေ။

Machine-gunner & Sniper

Sniper သမား ဆိုတာကတော့ မိတ်ဆွေတို့လည်း မြင်ဖူး သိဖူး ကြမယ်ထင်ပါတယ်။ နိုင်ငံခြား ရုပ်ရှင်တွေ၊ Game တွေထဲမှာ တွေ့ဖူး မြင်ဖူး ကြမှာပါ။ Sniper သမား နဲ့ပဲ စလိုက်ကြပါစို့။

Friday 18 December 2015

ဖယောင်းတိုင်လေးတွေကပြောသော ဈေးကွက်အခြေနေ (၂)

# 4 : Piercing Pattern & Dark Cloud

candle လေး ၂ ခုမှာ ပထမတခုက အမဲရောင် သို့ မဟုတ် အနီရောင်(Bearish candle) ဖြစ်မယ် ၊ ဒုတိယတခုကတော့ အဖြူရောင် သို့ မဟုတ် အစိမ်းရောင်( Bullish candle) ဖြစ်ပြီးတော့ ဒုတိယနေ့ Bullish candle က ပထမနေ့  Bearish candle ရဲ့  ထက်ဝက်ကျော် (50% )အထက် လောက်မှာ ဈေးပိတ်သွားမယ် ပြီးတော့ ဒုတိယနေ့ အဖွင့်ဈေးက ပထမနေ့ အပိတ်ဈေးအောက် ဈေးအနည်းငယ်ကျဆင်းသွားပြီးမှ ဖွင့်မယ်ဆိုရင် ဒါကို Piercing Pattern လို့ ခေါ်ကြပါတယ်၊။ ( အစိမ်းရောင် သို့  အဖြူရောင် candle ဟာ အပိတ်ဈေးက အဖွင့်ဈေးထက်မြင့်တာကို ဖော်ညွှန်းပြီး အနီရောင် သို့  အမဲရောင် candle က အပိတ်ဈေးက အဖွင့်ဈေးအောက်နိမ့်တယ်လို့ ဆိုလိုပါတယ်) Piercing Pattern ကို downtrend မှာတွေ့ ရင် မကြာခင်မှာ ဈေးတက်တော့မှာမို့ လို့  stock တခုကိုဝယ်ယူခြင်း သို့ မဟုတ် short position ကို close out လုပ်ခြင်းတို့ ကို လုပ်သင့်ပါတယ်၊ ဒါပေမယ့် အဲဒီ pattern တခုတည်းကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးလည်းမလုပ်သင့်ဘူး၊ တခြား indicator တွေနဲ့ တိုက်ဆိုင်ကြည့်ပြီးမှ လုပ်တာကပိုပြီးသေချာတာပေါ့၊ တကယ်တမ်းကြတော့ Piercing Pattern ဟာ တခြား indicator တွေက buy signal ပြတဲ့အချိန်မှာ သူ့ နဲ့ တိုက်ဆိုင်ကြည့်ပြီး ဝယ်သင့် မဝယ်သင့် confirm လုပ်တဲ့ Pattern တခုဖြစ်ပါတယ်၊ ပုံ-၁ နဲ့  ပုံ -၂ ကိုကြည့်ပါ၊ 
 
 

# 5: Bullish Harami & Bearish Harami
Stock price တခုဟာ downtrend အနေနဲ့  ကျဆင်းနေတဲ့ အချိန်မှာ ရုတ်တရက် Bullish group တွေက market ထဲကိုဝင်လာပြီး မနေ့ က အပိတ်ဈေးထက် မြင့်တဲ့ဈေးတခုနဲ့  ဒီနေ့  ဈေးကိုစဖွင့်လိုက်ကြတယ်၊ တချိန်ထဲမှာပဲ Bearish group တွေကလည်း မနေ့ က ဆုံးရှုံးသွားတာကို ကာမိဖို့ အတွက် သူတို့ ရဲ့  short position ကို close လုပ်ကြတဲ့အတွက် stock ဈေးဟာကျနေရာကနေ အခြေနေပြောင်းသွားပြီး ဈေးပြန်တက်လာပါတယ် အဲဒီလို ဈေးကွက်ထဲမှာဖြစ်ပျက်နေတာကို stock chart ရဲ့  candlestick လေးတွေက အခုလိုဖော်ပြပေးပါတယ်၊ အမဲရောင် သို့  အနီရောင် (အားလုံးအရောင်တူ) Bearish candle လေးတွေဟာတာက်လျောက်ကျဆင်းနေပြီး တနေရာအရောက်မှာ အဖြူရောင် သို့  အစိမ်းရောင် candle လေးအဖြစ်ပြောင်းသွားပါတယ် ( အဲဒီပြောင်းတဲ့နေရာမှာ ပထမ Bearish candle က ရှည်ပြီး ဒုတိယ Bullish candle ရဲ့  open နဲ့  close price ဟာ ပထမ Bearish candle ရဲ့  အတွင်းထဲမှာရှိနေရပါမယ်) အဲဒီလိုဖြစ်ပေါ်လာသော Pattern ကို Bullish Harami လို့ ခေါ်ပါတယ် ၊ အပုံ-၁ မှာကြည့်ပါ၊ 

Bearish Harami ကတော့ Bullish Harami ရဲ့  ပြောင်းပြန်ပေါ့ ဈေးတက်နေတဲ့အချိန်မှာ Bearish Group တွေဝင်လာမယ် မနေ့ ကအပိတ်ဈေးအောက် နိမ့်တဲ့ဈေးနဲ့  ဒီနေ့  ကို ဈေးစဖွင့်မယ်၊ Bull တွေလည်း ဈေးကျတော့မယ်ဆိုပြီး သူတို့  stock တွေကိုရောင်းထုတ်ပြီး အမြတ်တွေသိမ်းလိုက်ကြတဲ့အတွက် တက်နေတဲ့ stock ဟာအခြေနေပြောင်းသွားပြီးဈေးအကျဘက်ဦးတည်သွားပါတယ်၊ candlestick ကတော့ ဒီလိုပြပါမယ်၊ အစိမ်း သို့  အဖြူ ရောင် Bullish Candle တွေဟာ အရောင်တူလေးတွေအဖြစ်နဲ့  တောက်လျောက်တက်နေရာက တနေရာအရောက်မှာ Bearish candle အဖြစ်ပြောင်းသွားပါတယ် ၊ အဲဒီပြောင်းတဲ့နေရာမှာ ပထမ Bullish candle က ရှည်ပြီး ဒုတိယ Bearish candle ရဲ့  open နဲ့  close price ဟာ ပထမ candle ရဲ့  အတွင်းမှာ ရှိနေပါလိမ့်မယ်၊ အပုံ-၂ ကိုကြည့်ပါ.




#6 :Morning star & Evening star
Downtrend တခုရဲ့  အောက်ခြေမှာ candle လေးသုံးခုဟာ အပုံ-၁ မှာပြထားသလိုတွေ့ ရရင် Morning star လို့  ခေါ်ပါတယ်. Morning star Pattern ဖြစ်ပေါ်ဖို့ အတွက် အောက်ပါအချက်လေးချက်နဲ့  ကိုက်ညီရပါမယ်.

၁) downtrend ဖြစ်ရမယ် ..
၂) ပထမ candle က အမဲ သို့  အနီရောင်ဖြစ်ပြီး candle ကရှည်ရမယ်.. ၃) ဒုတိယ candle ကတော့ တို ပြီး မည်သည့်အရောင်မဆိုဖြစ်နိုင်ပါတယ်..ပြီးတော့ ပထမ candle ရဲ့  အောက်ဘက်မှာ ဈေးပိတ်သွားမယ်...
၎) တတိယ candle က အဖြူ သို့  အစိမ်းဖြစ်ပြီး ရှည် ရမယ်..ပြီးတော့ ဒုတိယ candle ရဲ့  အပေါ်ဘက်မှ ဈေးစဖွင့်ပြီး ပထမ candle ရဲ့  ထက်ဝက်ကျော်လောက်မှာ ဈေးပိတ်သွားမယ်..
Morning star Pattern ကိုတွေ့  ရင် မကြာခင်မှာ trend ရဲ့  ဦးတည်ရာလမ်းကြောင်းပြောင်းတော့မယ်လို့  သိနိုင်ပါတယ်..အပုံ-၂ မှာကြည့်ပါ၊ 


Evening star ကတော့ Morning ရဲ့  ပြောင်းပြန်ပေါ့.. uptrend မှာ candle လေး သုံးခုကိုတွေ့ မယ် . ပထမ candle က အဖြူ သို့  အစိမ်းဖြစ်မယ် .candle body ရှည်မယ်.. ဒုတိယ candle ကတော့ body တိုပြီး ပထမ candle ရဲ့  အပေါ်ဘက်က ဈေးပိတ်သွားမယ် ( အရောင်ကတော့မည်သည့်အရောင်မဆိုဖြစ်နိုင်တယ်) . တတိယ candle ကတော့ အမဲ သို့  အနီဖြစ်မယ်. ရှည်မယ်..ဒုတိယ candle ရဲ့ အောက်ဘက်က ဈေးစဖွင့် ပြီး ပထမ candle ရဲ့  ထက်ဝက်ကျော်လောက် နိမ့်ကာ ဈေးပိတ်သွားရင် evening star pattern လို့  သိနိုင်ပြီး မကြာခင်မှာ uptrend ရဲ့  ဦးတည်ရာလမ်းကြောင်းပြောင်းတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ် . အပုံ-၃ နဲ့  -၄ ကိုကြည့်ပါ..



# 7 : Shooting Star & Inverted hammer
Stock price တခုဟာ uptrend အနေနဲ့ ဈေးတက်နေတဲ့ အချိန်မှာ candle ရဲ့  body ထက် နှစ်ဆခန့် ရှည်တဲ့ အပေါ်ဘက်က နေ့ တနေ့ အတွက် အမြင့်ဆုံးဈေးကိုဖော်ပြတဲ့ မျဉ်းထောင်လေးတခုနဲ့  candlestick ကိုတွေ့ ရင် shooting star လို့  သိနိုင်ပြီး မကြာခင်ဈေးကျတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ်. Shooting star တွေမှာ အများအားဖြင့် နေ့ တနေ့ အတွက်အနိမ့်ဆုံးဈေးကိုဖော်ပြတဲ့ မျဉ်းစိုက်လေးဟာပျောက်နေတတ်ပြီး candle body ရဲ့ အရောင်ကိုတော့ ထည့်သွင်းစဉ်းစားခြင်းမရှိသော်လည်း အမဲ သို့  အနီရောင်ဆိုရင်တော့ ဈေးကျဖို့ ရာခိုင်နှုန်းများတာပေါ့ .(shooting star pattern ဟာ hanging man pattern ကိုပြောင်းပြန်ထောင်တာနဲ့ တူပါတယ်) ပုံ-၁ ကိုကြည့်ပါ..
 

Inverted Hammer pattern ကတော့ hammer pattern ကိုပြောင်းပြန်ထောင်ထားတာဖြစ်ပါတယ်..shooting star ပုံစံနဲ့ အတူတူပဲဖြစ်ပြီး downtrend တွေမှာတွေ့ ရလေ့ရှိပါတယ်၊ downtrend အနေနဲ့  ဈေးတောက်လျောက်ကျလာပြီး candlestick လေးဟာ inverted hammer ပုံစံဖြစ်သွားပြီဆိုရင် မကြာခင်မှာ ဈေးတက်တော့မယ်လို့ ခန့် မှန်းနိုင်ပါတယ်။ candle body အပေါ်က မျဉ်းထောင်လေး ရှည်လေလေ ဈေးအတက်ကြမ်းလေလေပါပဲ၊၊ ထုံးစံအတိုင်း တခြား indicator တွေနဲ့ တိုက်ဆိုင် နှိုင်းယှဉ်ကြည့်ဖို့ တော့မပျင်းနဲ့ ပေါ့ ၊၊ အပုံ-၂ ကိုကြည့်ပါ..


ရေးသူ-C2
https://www.facebook.com/Stock-share-အကြောင်းသိကောင်းစရာများ

Thursday 17 December 2015

IQ Option Binary Option

IQ Option ဆိုတာကတော့ Trading ရောင်းဝယ်မှု့ ၏ အသေးငယ်ဆုံးသော ပုံစံတစ်မျိုး ဖြစ်ပြီး ဈေးတက်ခြင်း (Call) နှင့် ဈေးကျခြင်း (Put) တို့ မှ ၁ခုကို ရွေးချယ်ကာ အချိန်တို (60 sec or 15 mins)တခု အတွင်း ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါတယ်။ လောင်းကစား အနည်းငယ်ဆန်ပါတယ်။ သေချာစွာ လေ့လာကာ Demo အစမ်းဖြင့် ဦးစွာ စမ်းသပ်လေ့လာစေလို ပါတယ်။ US 1$ မှ စတင်ရောင်းဝယ်နိုင် သဖြင့် အရင်းအနှီးကြီးကြီးဖြင့် မစတင်လိုသူများ အတွက်အဆင်ပြေပါတယ်။

 IQ Option ကိုဘယ်လို Account ဖွင့်မလဲ..
၁။ ဒီလင့်ကိုသွားပါ : http://iqoption.com
၂။ "open account" or "Registration" ကိုသွား နှိပ်လိုက်ပါ။


၃။နာမည်၊ email၊ password ဖြည့်ပါ။ open account ကိုနှိပ်ပါ။


၎။activation code တစ်ခု သင့်emailထဲကို ပို့ပါလိမ့်မယ်။ comfirm registration ကိုနှိပ်ပြီး activate လုပ်ပါ။
၅။Activate လုပ်ပြီးတာနဲ့ IQ Option platform ထဲကိုတခါတည်ရောက်သွားပါပြီ။
ပထမဦးအကြိမ် ၀င်ရောက်ဖူးသောသူများ အတွက် ညာဖက်အောက်ထောင့်တွင် "How to Trade" ဆိုသောခလုပ်နှိပ်ကာ ဘယ်လို Trade လုပ်သလဲကို လေ့လာနိုင်ပါတယ်။

၆။Demo account နဲ့အရင်လေ့လာပြီးမှ ငွေသွင်းကာ real account သို့သွားသင့်မသွားသင့် ဆုံးဖြတ်ပါ။
Demo account နဲ့အရင်လေ့လာပြီးမှ ငွေသွင်းကာ real account သို့သွားသင့်မသွားသင့် ဆုံးဖြတ်ပါ။
 Console ရဲ့ညာဖတ်မှာ Turbo နဲ့ Binary ဆိုပြီးရွေးချယ်နိုင်ပါတယ်။
Turbo က 60 seconds စာရောင်းဝယ်မှု့ ဖြစ်ပြီး
Binary က 15 minutes စာရောင်းဝယ်မှု့ ဖြစ်ပါတယ်။ 
 ၇။ Real account ကိုဖွင့်ရန် Platform ညာဖတ်အပေါ်ထောင့်ရှိ Deposit ကိုနှိပ်ပါ။ ငွေသွင်းမှု့ ပုံစံရွေးချယ်ကာ ထည့်သွင်းလိုသော ပမာဏကိုရွေးပါ။ နောက်ဆုံး make deposit ကိုနှိပ်ပါ။ ငွေသွင်းပြီးပြီဖြစ်ပါတယ်။
၈. ငွေထုတ်ခြင်းအတွက် ဘယ်ဘက်အပေါ်ဆုံးထောင့်ရှိ menu ကိုနှိပ်ပါ။ Personal cabinet အောက်မှ withdrawals ကိုနှိပ်ပါ။ ထုတ်လိုသော ငွေပမာဏနှင့် ဖုန်းနံပါတ်ကို ဖြည့်ပါ။ 
 









သာမန် အကောင့်အတွက် ငွေထုတ်ခြင်းမှာ ၃ရက်ကြာမြင့်မှာ ဖြစ်ပြီး VIP ကတော့ ၁ရက်ပဲကြာမှာဖြစ်ပါတယ်။
Mr.Forex

Etoro ဖြင့် ပိုက်ဆံရှာခြင်း


 
မြန်မာနိုင်ငံမှာ Forex Trading တွေ စတင်ခေတ်စားလို့ နေပါပြီ.။ Forex Trading ဆိုတာ Currency Exchange ကိုအသုံးပြုပြီး ဈေးတက်မယ်ထင်တဲ့ငွေအမျိုးအစားကိုဝယ်ယူ၊ ဈေးကျမယ်ထင်တဲ့အမျိုးအစားကို ရောင်းထုတ်ခြင်းခြင့် ပိုက်ဆံရှာနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်.။ Stock Exchange နဲ့ပုံစံတူပေမယ့် Forex က အရွယ်အစားပိုကြီးပါတယ်.။ မြန်မာနိုင်ငံမှာလဲ Brooker တွေ Agent တွေ ရှိနေပြီဖြစ်ပါတယ်.။ Etoro ဟာလဲ Forex Trading Platform တစ်ခုဖြစ်ပါတယ်.။ ဒါပေမယ့် အခြား platfrom တွေနဲ့တော့ မတူပါဘူး.။
Etoro ဆိုတာဘာလဲ
Etoro ဆိုတာ Trading Platform ကို Social နဲ့ တွဲဖက်ထားတာလို့ ဆိုနိုင်ပါတယ်.။ "Facebook for Forex" ပေါ့.။ တစ်ယောက်ယောက်က Currency ကို အရောင်းအဝယ်ကစားရင် တခြားသူတွေက မြင်ရတယ်.။ အဲလိုပေါ့.။ ဒီမှာကောင်းတဲ့အချက်က ခုမှစလုပ်တဲ့သူတွေ ကစားရင် မြင်ရသလို ဆရာ့ဆရာကြီးတွေ ကစားရင်လဲ မြင်ရတယ်.။ နောက်တစ်ခုက Copy ကူးရုံနဲ့ ပိုက်ဆံရှာလို့ရပါတယ်.။
Copy ကူးခြင်းဖြင့် ပိုက်ဆံရှာခြင်း
Etoro မှာ အကောင့်တစ်ခုလုပ်၊ ပိုက်ဆံ deposit သွင်းပြီးတာနဲ့ Copy ကူးလို့ရပါပြီ.။ Copy ကူးတယ်ဆိုတာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ Trade လုပ်နေတာကို ကိုယ်ကဘာမှအားစိုက်စရာမလိုဘဲ Copy ကူးထားရုံနဲ့ သူတို့ Trade တဲ့အတိုင်း ကိုယ့်အကောင့်ကလဲ Trade လိုက်လုပ်သွားတာကို ဆိုလိုပါတယ်.။
Etoro မှာ Trade လုပ်နိုင်တဲ့အမျိုးအစား လေးမျိုးရှိပါတယ်.။ Currency (Forex), Stocks (Apple, Google), Commodities (ရွှေ၊ ငွေ၊ ရေနံ), နဲ့ Indices ဆိုပြီးရှိပါတယ်.။ အများဆုံး Trade ကျတာကတော့ Forex နဲ့ Commodities ပါ.။
Etoro မှာ ကော်ပီကူးလို့ရသလို ကိုယ်တိုင်လဲ Trade လုပ်လို့ရပါတယ်.။ သင့်အနေနဲ့ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ကိုယ်တိုင် Trade မလုပ်ဖို့ ပြောပါရစေ.။ ကိုယ်တိုင်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာလေ့လာဖို့လိုပါတယ်.။
Etoro နှင့် စတင်ပိုက်ဆံရှာခြင်း
Etoro မှာ ပိုက်ဆံရှာဖို့အတွက် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ပါ.။
Step 1: Etoro ကို ဒီ Link ကနေတဆင့် အကောင့်ဖွင့်ပြီး ဝင်ရောက်ပါ.။
Link >> http://etoro.tw/1RxCpSM
Etoro က သင့်ကို Free Bonus ပေးမှာဖြစ်ပါတယ်.။ ဒါပေမယ့် သင် Copy Trade စလုပ်ဖို့အတွက် Deposit နည်းနည်းတင်ဖို့တော့ လိုအပ်ပါတယ်.။ Trader တစ်ယောက်ကို Copy ကူးဖို့အတွက် $100 လိုအပ်ပါတယ်.။ $400 လောက်အသုံးပြုပြီး 4 ယောက်လောက်ကို Copy ကူးကြည့်ဖို့ အကြံပေးချင်ပါတယ်.။ Trader တိုင်းဟာ အမြဲတမ်းတော်နေတာမဟုတ်တဲ့အတွက် 4 ယောက်လောက်ကို ကူးထားခြင်းဖြင့် သင့်ငွေတွေအကုန် ဆုံးရှုံးသွားခြင်းမျိုး မဖြစ်နိုင်တော့ပါဘူး.။ Deposit တင်ဖို့အတွက် Visa, MasterCard, Paypal တစ်ခုခုလိုအပ်ပါတယ်.။
Step 2: Copy စကူးကြည့်ပါ.။ Copy ကူးမယ့်သူတွေကို People ထဲမှာ ရှာလို့ရပါတယ်.။ တစ်ချို့သူတွေရဲ့ Trade တွေဟာ သင်က သူ့ကို Copy ကူးထားပေမယ့် သူလုပ်တဲ့ Trade တွေအားလုံးကို မကူးဘဲ တစ်ချို့တစ်လေကျန်နေတာ တွေ့ရတတ်ပါတယ်.။ အဲဒါက သင် Copy ကူးတဲ့ Amount နည်းလို့ပါ.။ တစ်ယောက်ကို $100 လောက်နဲ့ပဲကူးရင် အားလုံးကို ခြုံမိမှာပါ.။
Step 3: စိတ်ရှည်ရှည်စောင့်ပါ.။ စိတ်ရှည်ခြင်းဟာ ဒီနေရာမှာ အဓိကသော့ချက်ပါ.။ တစ်ချို့ Trader တွေဟာ တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ Trade ကြပါတယ်.။ တစ်ချို့ကတော့ အများကြီး Trade တတ်ပါတယ်.။ စိတ်မရှည်ဘဲ ကိုယ်ကိုယ်တိုင် Trade ကြည့်ဖို့ စိတ်မကူးပါနဲ့.။ တကယ်လို့ Trader တစ်ယောက်ဟာ (3) ပတ်လောက်အတွင်း တစ်ခါမှ Trade မလုပ်ဘူးဆိုရင်တော့ တစ်ခြားတစ်ယောက်ကို ပြောင်းပြီး Copy ကူးသင့်ပါတယ်.။
Copy Trading အတွက် Tips & Tricks များ
ကိုယ့်ဟာကိုယ် Trade ဖို့မကျိုးစားပါနဲ့ဦး.။ မကျွမ်းကျင်ဘဲလုပ်မိရင် ရှိသမျှကုန်သွားနိုင်လို့ပါ.။ ပြီးတော့ အရှုံးခံနိုင်တဲ့ Amount ကိုသာ ထည့်သွင်းပြီးစမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ်.။ ကိုယ့်ဟာကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ Demo Account နဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်.။
အနည်းဆုံး ၄ ယောက်ကို Copy ကူးပါ.။ Trading ဟာ Risk များပါတယ်.။ ၄ ယောက်လောက်ကို ဖြန့်ပြီး Copy ကူးခြင်းဖြင့် Risk ကို လျှော့ချနိုင်ပါတယ်.။
100% Gain ရှိနေတဲ့သူတွေကို ကော်ပီမကူးပါနဲ့.။ သူတို့ဟာ High Risk ယူတဲ့သူတွေဖြစ်ပါတယ်.။ 30% Gain ပတ်ဝန်းကျင်ရှိသူတွေကိုပဲ Copy ကူးပါ.။
www.myanmarleaders.com

ဖယောင်းတိုင်လေးတွေကပြောသော ဈေးကွက်အခြေနေ (၁)


'ပုံ-၁'
ပုံ-၁
Candlestick chart နဲ့ ပတ်သက်ပြီး post အဟောင်းတခုမှာပြောခဲ့ဖူးပါတယ်၊ ဒီတခါ တော့ candlestick လေးတွေရဲ့  ပုံစံကိုကိုကြည့်ပြီး ဈေးနှုန်းအတက်အကျ အပြောင်းအလဲကို ဘယ်လို ခန့် မှန်းလို့ ရသလဲဆိုတာကိုပြောပြပါမယ်၊
Candlestick ရဲ့ ဖယောင်းတိုင်ပုံစံ body က အပိတ်ဈေးက အဖွင့်ဈေးထက် မြင့်သလား နိမ့်သလားဆိုတာကိုဖော်ပြပါတယ်၊ Candlestick ရဲ့  body က အမဲရောင် သို့ မဟုတ် အနီရောင်ဆိုရင် အပိတ်ဈေးက အဖွင့်ဈေးထက်နိမ့်ပြီး အဖြူရောင် သို့ မဟုတ် အစိမ်းရောင်ဆိုရင် အပိတ်ဈေးက အဖွင့်ဈေးထက်မြင့်ကြောင်းသိနိုင်ပါတယ်၊Candlestick ရဲ့  body အပေါ်ဘက်က မျဉ်းထောင်လေးက ဒီနေ့ အတွက် သိ့ မဟုတ် ဒီတပတ်အတွက် အမြင့်ဆုံးဈေးကိုဖော်ညွှန်းပြီး အောက်ဘက်က မျဉ်းစိုက်လေးက အနိမ့်ဆုံးဈေးကိုဖော်ညွှန်းပါတယ်၊ ပုံ-၁ ကိုကြည့်ပါ၊ အဲဒီ candlestick လေးတွေကိုကြည့်ုပြီး ဈေးကွက်ထဲမှာ ရှိတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား အနည်းအများကိုဖြစ်ပေါ်စေတဲ့ လူတွေရဲ့  စိတ်ခံစားမှု့ ကိုသိနိုင်ပါတယ်၊ မှတ်ရလွယ်အောင် အဲဒီလူတွေကို တစုက ဈေးကျမယ်လို့  ထင်ပြီးရောင်းချင်တဲ့အုပ်စု ( Bear group) နဲ့  နောက်တစုက ဈေးတက်မယ်ထင်လို့  ဝယ်ချင်တဲ့အုပ်စု ( Bull group) ဆိုပြီးတော့ အုပ်စု ၂ စု ခွဲ လိုက်ပါမယ်၊ ဈေးကွက်ထဲမှာ Bull group က အင်အားများလာရင် ဝယ်လိုအားများပြီးဈေးတက်လာမယ်၊ Bear group က အင်အားများလာရင် ရောင်းလိုအားများပြီး ဈေးကျလာနိုင်ပါတယ်၊ candlestick ရဲ့  pattern လေးတွေကိုကြည့်ပြီး အမျိုးအစားခွဲကြည့်ရင် အောက်ပါအတိုင်းတွေ့  ရပါမယ်၊

Chart Pattern များအကြောင်း (၃)

# 3 : Bull Flag & Bear Flag

ဒီ Flag pattern ကတော့ stock price တခုဟာ အတက် အကျ ရွေ့ လျားနေရင်း Flag (တိုင်မှာအလံလွှင့်ထူထားသလိုမျိုး) ပုံစံဖြစ်ပေါ်လာတဲ့အတွက် ခေါ်ဆိုကြခြင်းဖြစ်ပါတယ်၊ uptrend အခြေအနေမှာဖြစ်ပေါ်တာကို Bull Flag လို့ ခေါ်ပြီ downtrend မှာဖြစ်ပေါ်တာကိုတော့ Bear Flag လို့ သတ်မှတ်ပါတယ်၊ uptrend မှာ Bull Flag ဖြစ်ပေါ်ခဲ့ရင် stock price ဟာ အလံတိုင်ကဲသို့  candlestick လေးတွေဟာ အဆင့်ဆင့် ဈေးနှုန်းမြင့်တက်သွားပြီး တနေရာအရောက်မှာပြန်ပြီးဈေးကျဆင်းသွားကာ အလံလွှင့်ထားသကဲ့သို့ ပုံစံဖြစ်ပေါ်လာပြီဆိုရင် မကြာခင်မှာအဲဒီအလံပုံစံထဲကဖောက်ထွက်ပြီး Stock price တွေ Breakout ဖြစ်မယ့် အချိန်ကိုစောင့်ပြီးဝယ်ခြင်းဖြင့် အကျိုးမြတ်တွေရယူနိုင်ပါတယ်၊ ပုံကိုကြည့်ပါ၊ 
Bear Flag လည်း ဒီအတိုင်းပါပဲ၊ ဈေးတွေကျဆင်းနေရာက တနေရာမှာရပ်သွားပြီး ပြန်ထောင်တက်ကာ အလံ စောက်ထိုးပုံစံလေးဖြစ်ပေါ်လာရင် မကြာခင်မှာဖောက်ထွက်တော့မယ့် breakout ဖြစ်တာကိုစောင့်ပြီး ဈေးမထိုးကျခင်မှာ ရောင်းခြင်းဖြင့် အကျိုးမြတ်တွေရနိုင်ကြပါစေ၊၊ ပုံကိုကြည့်ပါ၊ 
















 ရေးသူ-C2
https://www.facebook.com/Stock-share

Chart Pattern များအကြောင်း(၂)

# 2 : Ascending & Descending Triangle
Stock price တခုဟာ Bullish အနေနဲ့  ဈေးနှုန်းတွေ မြင့်တက်နေရာမှ တနေရာအရောက်မှာ ရပ်သွားပြီး (consolidation )အခြေနေ ဘေးတိုက်အနေအထားနဲ့  ရွေ့ လျားသွားနေရင်း Ascending Triangle ပုံစံဖြစ်ပေါ်လာခဲ့ပြီဆိုရင် မကြာခင်မှာ ဈေးနှုန်းတွေရဲ့  ဦးတည်ရာလမ်းကြောင်းအပြောင်းအလဲဖြစ်တော့မှာကို ခန့် မှန်းနိုင်ပါတယ်၊ stock price တွေရဲ့  ရွေ့ လျားမှု့  လှိုင်းတွေကို trend လိုင်းဆွဲကြည့်ရင် အပေါ်ဘက် resistance line က ရေပြင်ညီပုံစံ မျဉ်းအဖြောင့်တိုင်းရွေ့ လျားနေတာကိုတွေ့  ရမှာဖြစ်ပါတယ်၊ အောက်ဘက် support line ကတော့ အပေါ်ဘက်ကိုထောင်တက်သွားကာ အဖျားမှာကျဉ်းသွားရာက Triangle ပုံစံဖြစ်သွား တာကိုတွေ့ ရပါမယ်၊ ပုံမှာကြည့်ပါ၊  
stock price ရဲ့  ဦးတည်ရာလမ်းကြောင်း ဟာ အဲဒီ triangle ပုံစံကို ဖောက်ထွက်ပြီး break out ဖြစ်သွားကာအပေါ်ဘက်ကိုထောင်တက်သွားပြီဆိုရင် Stock ဈေးတွေထောင်တက်တော့မယ်လို့  အကြမ်းဖြင်းခန့် မှန်းနိုင်ပြီး indicator တွေနဲ့  တိုက်ဆိုင်နှိုင်းယှဉ်ကြည့်ကာ ဝယ်ဖို့  signal ပြပြီဆိုမှ ဝယ်ယူခြင်းဖြင့် ဈေးတက်လာတဲ့အခါ အမြတ်အစွန်းတွေရရှိနိုင်ပါတယ်၊ Descending Triangle ကလည်း ထိုနည်းလည်းကောင်းပါပဲ Bearish အနေနဲ့ ဈေးနှုန်းတွေကျဆင်းနေရာကနေ တနေရာအရောက်မှာရပ်သွားပြီး consolidation ဖြစ်ရွေ လျြားနေရင်း Descending Triangle ပုံစံဖြစ်ပေါ်လာခဲ့မယ် ၊ ပြီးတော့ stock price တွေဟာ Triangle ပုံစံကိုဖောက်ထွက်ပြီး breakout ဖြစ်သွားကာ အောက်ဘက်ကို ဦးတည်သွားပြီဆိုရင် ဈေးနှုန်းတွေဟာ မကြာခင်ထိုးကျတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ်၊ ဒါပေမယ့် indicator တွေနဲ့ တိုက်ဆိုင်ကြည့်ပြီး confirm လုပ်ဖို့ လည်းလိုအပ်ပါသေးတယ်၊ Descending Triangle ဖြစ်ပေါ်နေသော stock price ကို မျဉ်းဆွဲကြည့်ရင့်  support line က ရေပြင်ညီ ပုံစံ မျဉ်းဖြောင့်တိုင်းရွေ့ လျားနေပြီ resistance line က အောက်ဘက်နိမ့်ဆင်းသွားကာ အဖျားမှာကျဉ်းသွားပြီး triangle ပုံစံဖြစ်ပေါ်သွားတာကိုတွေ့  ရပါမယ်၊ ပုံကိုကြည့်ပါ၊ 
 

ရေးသူ-C2
https://www.facebook.com/Stock-share

Online Trading အတွက် သိထားသင့်သော အချက် (၂၀) ...အပိုင်း ၁


၁။ ကိုယ့်အကြောင်း ကိုယ်နားလည်ခြင်း။ 

 

 Forex (FX) or Stock Market မှာ အကျိုးအမြတ်ရရန်အတွက် ဦးစွာ ဈေးကွက် သဘောတရားကို နားလည်ရန်လိုအပ်ပါတယ်။ ဈေးကွက်နဲ့ ပတ်သတ်ပြီး လေ့လာသင်ယူမှု့ များ အဆက်မပြတ် ရှိပါစေ။  ထိုထက် ဦးစွာ ကိုယ့်ကိုယ်ကို နားလည်ရန်လည်း အရေးကြီးပါတယ်။ ကိုယ်ရင်းနှီးမြူပ်နှံသော ငွေကြေးပမာဏသည် ကိုယ့်အတွက် ၀န်ထုတ်ဝန်ပိုး မဖြစ်ရန်လိုပြီး နေ့တိုင်း လတိုင်း နှစ်တိုင်း အတွက် မျှော်မှန်းသော ငွေကြေးအရှုံး အမြတ်ပမာဏ သတ်မှတ်ထားရန် လိုအပ်ပါတယ်။ ကိုယ်သတ်မှတ်ထားသည့် အတိုင်း တိတိကျကျလိုက်နာနိုင်ရန် ကြိုးစားပါ။

၂။ ရည်မှန်းချက်ထားပါ၊ အစီအစဉ်ချပါ၊ ထိုအတိုင်း လုပ်ဆောင်ပါ။

ငွေကြေး/စတော့ဈေးကွက်ထဲ စတင် ၀င်ရောက်တော့မည် ဆိုတာနဲ့ သင့်မှာ တိတိကျကျသတ်မှတ်ထားသော အချိန်အတိုင်းအတာ(timeframe) နဲ့ ဘယ်လိုလုပ်ဆောင်မယ် (working plan) တို့ကို စနစ်ကျစွာ သတ်မှတ်ထားရပါမယ်။ ဘာတွေက လုပ်ဆောင်မှု့ ကို ကျဆုံးစေလဲ။ အောင်မြင်မှု့ ကို ဘယ်လို သတ်မှတ်မလဲ။ စမ်းသပ်ကာလ ထားရှိသင့်ပြီး ယင်းကာလအတွင်း ဘာတွေက မှားယွင်းသော လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေသလဲ ဆိုတဲ့  အရေးကြီးသော သင်ယူမှု့ အတွေ့အကြုံကောင်းများကို မလွဲမသွေ ရရှိမှာပါ။ အချိန် ဘယ်လောက်ကြာကြာ ရောင်းမှားဝယ်မှားကြားမှာ ပိတ်မိနေနိုင်သလဲ၊ စီးပွားရေးလုပ်ငန်း တခုလိုလုပ်မှာလား၊ အပိုဝင်ငွေလောက်ပဲ လုပ်မှာလား စသဖြင့် သင်ကိုယ်သင် အပြန်အလှန် မေးဖြေသင့်သော အကြောင်းအရာများစွာ ရရှိမှာပါ။ ထိုအခါ ဈေးကွက် အရောင်အ၀ယ်များအတွက် စိတ်ရှည်စွာ ဘယ်လောက်ကြာကြာနေရန် လိုအပ် မလိုအပ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်လာမှာ ဖြစ်ပြီး အကျိုးအမြတ် ရလဒ်ပေါ် ကောင်းစွာ အထောက်အကူပြု မှာဖြစ်ပါတယ်။

၃။ စတော့ပွဲစား ရွေးချယ်မှု့ မှန်ကန်ပါစေ။

စတော့ဈေးကွက်တွင် စတင်ဝင်ရောက်သူများမအတွက် အရေးအကြီးဆုံးမှာ စတော့ပွဲစား ရွေးချယ်မှု့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲစားတု ပွဲစားယောင်တွေက သင်၏ နေ့ရောညပါ ကြိုးစားအားထုတ်မှု့ များမှ ရရှိသော အကျိုးအမြတ်များကို အမှန်တကယ် ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် ဖြစ်ပါတယ်။ ထိုနည်းအတူ သင်၏ ကျွမ်းကျင်မှု့ အတိုင်းအတာ နှင့် လိုအပ်သော အရောင်းအ၀ယ်တိုင်း အတွက် ပွဲစားမှတွက်ချက်ပေးသော အချက်အလက်တိကျမှု့ တို့ ကလည်း ညီတူညီမျှ အရေးကြီပါတယ်။ ဘယ်ပွဲစားက သင့် ရည်မှန်းချက်ကို ပြည့်စေပလဲ၊ ဘယ် trading software က သင်နဲ့ ကိုက်ညီမလဲ၊ ၀န်ဆောင်မှု့ ကကော ဘယ်လောက်ထိရောက်မှု့ ရှိမလဲ ဆိုတာတွေကို သေသေချာချာ စီစစ်ကာ ရွေးချယ်ရန်လိုအပ်ပါတယ်။ ပွဲစားတွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်http://www.forexfraud.com/forex-broker-reviews.html ကနေ သွားကြည့်နိုင်ပါတယ်။
ရေးသူ-Mr.Forex
ဆက်လက်ဖော်ပြသွားပါမယ်......

Winning trading plan တစ်ခု တည်ဆောက်ရန် အဆင့် ၁၀ ဆင့်



စီးပွါးရေး နယ်ပယ် ထဲမှာ ပြောနေကြ စကားဟောင်း တစ်ခွန်း ရှိပါတယ်..။ အဲ့ဒါကတော့ "Fail to plan and you plan to fail." ဆိုတာပါပဲ..။ ဒါဟာ ရွန်းရွန်းဝေအောင် ပြောတက်သော အဆွယ်ကောင်းသော စကားသံပါပဲ..။ သို့သော်လည်း Traders တွေ ပါဝင်တဲ့ အောင်မြင်မှုတွေ ဖြစ်တည်ဖို့ အကြောင်း အလေးအနက် ထားသူတွေ တို့ရဲ့ အသံ လည်းဖြစ်ပါတယ်..။ ကျောက်ဆိုင်ကျောက်ခဲ ထဲမှာ ထွင်းထားသလိုမျိုး ဒီ စကားလုံး ရှစ်လုံး မှတ်ထားသင့်ပါတယ်..။ မပြောင်းလဲသော အခြေခံသဘောတရား တစ်ခု အပေါ်မှာ ငွေရှာခဲ့တဲ့ traders တွေကို မေးကြည့်ပါက သူတို့ဟာ ကျွန်တော်တို့ကို ပြောပါမယ်..။ ကျွန်တော်တို့ မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်..။ ကျွန်တော်တို့ အနေနဲ့ သေသပ်တဲ့ plan တစ်ခု ရေးဆွဲမလား သို့မဟုတ် ကျရှုံးမလား ဆိုတာကိုပါ..။

စတော့အိပ်ချိန်း Trading Concepts ကဏ္ဍ


Portfolio: စတော့ရင်းနှီးမြှုပ်နှံမှု အစု
-----
ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုများ ပါဝင်သော အစု တစ်စုသည် Portfolio ပင်ဖြစ်ပါသည်။ ဥပမာ မိမိက မြေကွက် ၂ကွက်နှင့် လုပ်ငန်း ၁ခုတွင် စုစုပေါင်း သိန်း ၁၀၀၀ ခန့် ရင်းနှီးထားသည် ဆိုပါစို့။ ထိုရင်းနှီးမြှုပ်နှံမှုအစုသည် Portfolio ပင်ဖြစ်သည်။ အလားတူ မိမိ၏ Portfolio တန်ဖိုးသည် သိန်း ၁၀၀၀ ပင်ဖြစ်သည်။ ဒီ Portfolio ဆိုသည့် စကားသည် စတော့ဈေးကွက် တွင် စတော့ရင်းနှီးမြှုပ်နှံမှု အစုဟု ထို့ကြောင့် အဓိပ္ပာယ်ရောက်ပါသည်။ မိမိမှ ကုမ္ပဏီ A ရှယ်ယာ ၂၀ခုနှင့် ကုမ္ပဏီ B ရှယ်ယာ ၁၀ခု ပိုင်လျှင် ၄င်း စတော့ရင်းနှီးမြှုပ်နှံမှု အစုသည် မိမိ၏ Portfolio ပင် ဖြစ်ပါသည်။ စတော့အိပ်ချိန်းတွင် ရှယ်ယာတို့၏ ဈေးနှုန်းများ အမြဲပြောင်းလဲ နေလေရာ Portfolio တန်ဖိုးသည်လည်း နေ့စဉ်ပြောင်းလဲနေနိုင်သည်။

Tuesday 8 December 2015

အရှုံးဆိုတာမရှိ (၂)

 

Stop-lossအကြောင်းပြောရင် Technical Analysisကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ Long-term Fundamental based investorတွေတောင်မှ Technical Analysisကို သုံးမယ်ဆိုရင် Stockတစ်ခုကို Investလုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shortingလုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock(ဈေးတက်လျင် အမြတ်ရခြင်း)ဘက်ကနေပဲ ပြောသွားပါ့မယ်။

အရှုံးဆိုတာမရှိ (၁)

 

ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Tradingလုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် Net အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Managementလုပ်ရမလည်းဆိုတာကို စိတ်ဝင်စားအောင် Titleပေးထားတာပါ။ ဒီPostထဲက တချို့Conceptတွေဟာ Robert Kiyosakiနဲ့ Dr. Alexander Elderရဲ့ Intellectual Propertyတွေဖြစ်ပါတယ်။

Sunday 6 December 2015

USD/CAD သုံးသက်ချက် 07/12/2015

USD/CAD Technical Analysis 

Candlestick အရ အချိန်တို ရင်းနှီးမှု့ အတွက် Bearish Engulfing ပြနေပြီး
Trend အရတော့ ရေရည်တွင် Bullish ပါ။

 
 
 ရွေးချယ်မှု့  -  Sell/ရောင်းရန်
 လိုအပ်ချိန်  -  ၃ရက် မှ ၁၀ရက်အတွင်း


  


Chart Pattern များအကြောင်း (၁)

Chart Pattern များအကြောင်း
# 1: 'Symmetrical Triangle '
Chart Pattern analysis လုပ်ခြင်းဟာလည်း ဈေးကွက်ထဲမှာဈေးနှုန်းတွေရဲ့ အတက်အကျကို တွန်းအားပေးနေတဲ့ supply နဲ့ demand တို့ အပေါ်မူတည်ပြီး stock price ရဲ့  ဦးတည်ရာလမ်းကြောင်းကို ခန့် မှန်းတဲ့နေရာမှာ အသုံးဝင်လှပါတယ်၊ Chart Pattern analysis လုပ်တဲ့နည်းတွေအများကြီးရှိတဲ့အထဲက အသုံးအများဆုံး Chart Pattern အချို့ ကိုဖော်ပြပေးပါ့မယ်၊
# 1: 'Symmetrical Triangle '
Stock price တခုဟာ uptrend အနေနဲ့  တောက်လျောက် ဈေးတက်လာပြီးမှ တနေရာအရောက်မှာ ရပ်သွားပြီး ဘေးတိုက်ရွေ လျြားမှု့ ( consolidation ) အခြေနေဖြစ်သွားပါတယ်၊ အဲလိုအခြေနေနဲ့ ရွေ့ လျားနေရင်း symmetrical triangle ပုံစံဖြစ်ပေါ်လာခဲ့ရင် မကြာခင်မှာ ဈေးနှုန်းရုတ်တရက် ထောင်တက်ခြင်း ၊ ထိုးကျခြင်းတို့ ဖြစ်တော့မယ်လို့  ခန့် မှန်းနိုင်ပါတယ် ၊ အများအားဖြင့် symmetrical Triangle ပုံစံဟာ uptrend အခြေနေမှာဖြစ်ပေါ်ခဲ့ ရင် ဈေးနှုန်းထောင်တက်တတ်လေ့ရှိပြီး Downtrend မှာဖြစ်ပေါ်ခဲ့ရင် ဈေးနှုန်းထိုးကျလေ့ရှိပါတယ်၊ ဒါပေမယ့်

Spread နှင့် pips ဆိုတာ ဘာလဲ..။

Spread နှင့် pips ဆိုတာ ဘာလဲ..။ Forex market ထဲမှာ trading လုပ်နေတဲ့ အခါမှာ Spread ကို ဘယ်လို တွက်ချက်မလဲ



Spread နှင့် pips ဆိုတာ ဘာလဲ..။ Forex market ထဲမှာ trading လုပ်နေတဲ့ အခါမှာ Spread ကို ဘယ်လို တွက်ချက်မလဲ
Forex markets တွေ ထဲမှာ investors တွေဟာ ငွေကြေးတစ်ခု ကို အခြားတစ်ခု အတွက် Trade လုပ်ကြတာကို ကျွန်တော်တို့ သိထားကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် currencies တွေကို အခြားသော currency တွေရဲ့ တန်ဖိုးနဲ့ သတ်မှတ်ချက်တစ်ခုအနေဖြင့် ဈေးဖွင့်ကြပါတယ်။ ဒီလို ဈေးဖွင့်ကြရာမှာ လွယ်လွယ် ကူကူ သိနိုင်ဖို့ အတွက် currencies တွေကို အမြဲတမ်း အားဖြင့် အစုံလိုက် ဈေးခေါ် ဖော်ပြကြပါတယ်။ ဥပမာ အားဖြင့် USD/CAD ဆိုတာမျိုးကိုပေါ့။
အဲ့ဒီမှာ ကျွန်တော်တို့ ထပ်မံသိထားရမှာကတော့ ပထမ currency ကို Base Currency လို့ ခေါ်ပြီးတော့ ဒုတိယ currency ကိုတော့ Counter သို့မဟုတ် quote currency လို့ ခေါ်ပါတယ်။ (base/quote)။ ဥပမာ အားဖြင့် US$1 ကို ၀ယ်ရန် C$ 1.2 ကျသင့်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့  USD/CAD ဟာ 1.2/1 သို့မဟုတ် 1.2 ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် USD ဟာ base currency ဖြစ်ပြီး CAD ကတော့ quote or counter currency ဖြစ်ပါတယ်။ ပြောရရင်တော့ USD ရဲ့ ပေါက်ဈေးပေါ့။ ကျသင့်ငွေကတော့ CAD ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ဟာ currencies တွေဟာ ဈေးကွက်မှာ ဘယ်လို ဈေးပေါက်တယ်ဆိုတာ

Saturday 5 December 2015

စတော့အိပ်ချိန်း Trading Concepts ကဏ္ဍ

စတော့အိပ်ချိန်း Trading Concepts ကဏ္ဍ



အိပ်ချိန်းမှာ စတော့ရှယ်ယာ ရောင်းဝယ်လိုလျှင် အသုံးပြုနိုင်သည့် ရောင်းဝယ်မှု အထာများ
-----‪#‎MIWTradingConcepts‬-----
အနည်းငယ် ကြန့်ကြာရန်ရှိသော်လည်း အနှေးနှင့် အမြန် စတင်လာတော့မည့် ရန်ကုန် စတော့အိပ်ချိန်း ပေါ်ပေါက်လာချိန်တွင် ပါဝင် ရင်းနှီးမြှုပ်နှံလိုသူများ စတော့အိပ်ချိန်းရှိ စတော့ အကျိုးဆောင်ကုမ္ပဏီများ၏ အရောင်းအဝယ် ဝန်ဆောင်မှုများကို အထိရောက်ဆုံး အသုံးချနိုင်ရန် ကျွန်တော်တို့ MIW မှ စတော့ရှယ်ယာ ရောင်းဝယ်မှုနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ ဆက်နွှယ်သော သဘောတရားများနှင့် အသုံးအနှုန်းများကို အများပြည်သူများ၏ ဗဟုသုတ နှင့် လက်တွေ့အသုံးချနိုင်ရေးကို ရည်စူးကာ စတော့အိပ်ချိန်း Trading Concepts ကဏ္ဍတွင် မကြာခဏ တင်ဆက်သွားပါမည်။ ဤကဏ္ဍတွင် စတော့ဈေးကွက် အတွင်း ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်သမျှ အသုံးအနှုန်း၊ ရောင်းဝယ်မှု အော်ဒါ အမျိုးမျိုး နှင့် အသုံးပြုပုံ အမျိုးမျိုး တနည်း အားဖြင့် ဆိုသော် စတော့ဈေးကွက်က အထာလေးတွေကို အနည်းငယ်စီ ရှင်းလင်းစွာ ဖော်ပြသွားပါမည်။ ဖတ်ရှုသူ အပေါင်း စတော့ ဈေးကွက် အတွင်းရှိ ဝန်ဆောင်မှုများနှင့် အခွင့်အရေးများ အားလုံးကို တရင်းတနှီး ရှိနေပြီး အပြည့်အဝ အသုံးချနိုင်ရန် ကြိုးစားတင်ပြ လိုက်ပါသည်။
Trading ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် ငါးချက်
----------------------------------------------------------------
Safeguards တွေ မရှိပဲ Forex market ကို trade လုပ်ခြင်းသည် လေထီးခုန်သမား တစ်ယောက်ဟာ လေထီး မပါပဲ ကောင်းကင်ယံ လေယာဉ်ပေါ်မှ ခုန်ချသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ Trading အကြောင်း လုံလုံလောက်လောက် မလေ့လာ ထားသော သူ ဟာ ငွေကြေး စီမံခန့်ခွဲမှု နည်းစနစ်တွေ ကို သူတို့ရဲ့ trading plan ထဲသို့ အတူတကွ ကောင်းစွာ ပေါင်းစပ်သင့်ပေသည်။
အောင်မြင်နေသော Trader အားလုံးနီးပါး ဟာ .. သူတို့ရဲ့ ပုံမှန် Trading plan နှင့် Trade လုပ်တဲ့ အချိန်တိုင်း မှာ ငွေကြေး စီမံခန့်ခွဲ ခြင်း နည်းဗျူဟာ တစ်ခုကို အသုံးပြုကြပါတယ် ။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ Account တွေ ကြီးကြီးမားမား ကျရှုံးဖူးတဲ့ အတွေ့အကြုံ ရှိခဲ့တယ် ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ money management strategy ကို အသုံးပြုမှာ ဖြစ်နိုင်ပါတယ်..။

Online Trading ဆိုတာ

Online Trading ဆိုတာ အင်တာနက်ကို အသုံးပြူ ပြီး အရောင်းအ၀ယ်ပြုလုပ်ခြင်းပါ။ ဈေးနဲနေချိန်မှာ ၀ယ်ယူပြီး ဈေးတက်ချိန်မှာ အချိန်နဲ့  တပြေးညီရောင်းထုတ်ကာ အမြတ်ရယူခြင်းဖြစ်ပါတယ်။ Online Trading Market ထဲမှာ Stock Trading နဲ့  Forex Trading တို့ လဲပါဝင်ပါတယ်။ လူအများ ရောထွေး အမှတ်မှားတတ်သော market ၂ခုပါ။
၁။ Stock Trading ဆိုတာ့  Stock Share (သို့) ကုမ္ပဏီ ရှယ်ယာ တွေကို Broker (ခေါ်) ရှယ်ယာ ပွဲစားမှ တဆင့် ၀ယ်ရောင်း လုပ်ေ်ပးခြင်း ဖြစ်ပြီး တနေ့ ကို ၇နာရီခန့် သာ ဈေးကွက်ဖွင့်ပေး လေ့ရှိပါတယ်။ ရေရှည် ရင်းနှီးမှု့အတွက် ပိုမိုတွက်ခြေကိုက်ပါတယ်။ ၊ Stock market မှာ ရင်းနှီးမြှုပ်နှံရန်အတွက် Brokerage account တခုဖွင့်ဖို့  Broker တွေအပေါ်မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အထိသတ်မှတ်ထားလေ့ရှိကြပါတယ်၊၊
၂။ FX (သို့ ) Forex Trading ကတော့ နိုင်ငံခြားငွေ ၀ယ်ရောင်းလုပ်ခြင်းပါ။ ပွဲစားမလိုပဲ တနင်္လာနေ့ မှ သောကြာနေ့ထိ ၅ရက်လုံး ၂၄နာရီ ၀ယ်ရောင်းလုပ်လို့ ရပါတယ်။ Day Trading အမျိုး အစားဖြစ်ပြီး နေ့ချင်းပြီး အရောင်းအ၀ယ်လုပ်ကာ အမြတ်ရယူကြလေ့ရှိပါတယ်။Forex market မှာ trading လုပ်ရန်အတွက် account တခုဖွင့်ဖို့  အနိမ့်ဆုံး၅၀ ဒေါ်လာလောက်နဲ့ တောင်မှ စတင် ရောင်းဝယ်ပြုလုပ်နိုင်ကြပါတယ်၊၊
ဒီ page လေးက Forex Trading ကိုပဲ အလေးပေးရေးသား သွားမှာ ဖြစ်ပါတယ်။