ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Tradingလုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် Net
အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Managementလုပ်ရမလည်းဆိုတာကို
စိတ်ဝင်စားအောင် Titleပေးထားတာပါ။ ဒီPostထဲက တချို့Conceptတွေဟာ Robert
Kiyosakiနဲ့ Dr. Alexander Elderရဲ့ Intellectual Propertyတွေဖြစ်ပါတယ်။
Trading vs. Investing
ပထမဆုံးပြောချင်တာကတော့
အများစုဟာ Tradingနဲ့ Investingကို ရောနေတာပါပဲ။ Tradingဟာ Short-term
focusedဖြစ်ပြီး Investingကတော့ Long-termအတွက်ပါ။ Stock Investingဟာ
တကယ်တမ်းတော့ Day jobလည်းရှိ၊ ငွေပိုငွေလျှံနည်းနည်းရှိတဲ့သူတွေ Financial
Advisor, Brokerအစရှိတဲ့သူတွေရဲ့ Tipsတွေနဲ့ ဝယ်ပြီးပစ်ထားတတ်တဲ့ အရာလို့
Generally Definitionဖွင့်နိုင်ပါတယ်။ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်နဲ့
ကိုယ့်ဝန်းကျင်ကသူတွေကိုသာ ကြည့်ကြည့်ပါ။ အများစုဟာ Stock Marketထဲမှာ
Directly(သို့) Indirectly (Mutual Funds in America, Superannuation Funds
in Australia) Investလုပ်ထားကြပါတယ်။ အခုကျွန်တော်ပြောနေတဲ့
Investingဆိုတာ Direct Investingကို ပြောနေတာပါ။ ကိုယ်ဝယ်ခဲ့တဲ့Stockက
solid bluechip stockဆိုရင်တော့ တော်ရုံအရှုံးပေါ်နေရင်တောင် အချိန်တန်ရင်
(အချိန်ဟာ ၃လကနေ ၃နှစ်ဖြစ်နိုင်ပါတယ်) ကိုယ့်ပိုက်ဆံတော့ ပြန်ရတတ်ပါတယ်။
ကြားထဲမှာရတဲ့ Dividendsကပဲ အမြတ်ပေါ့။ တချို့ကပြောကြတယ် Time in the
Market is More Important than Timing in the Marketဆိုပြီးတော့ပါ။
အချိန်တန်ရင်တော့ နွားပိန်ကန်မယ်ပေါ့။ "အရှုံးဆိုတာမရှိ" တမျိုးပေါ့လေ :)။
ဒီလိုနည်းနဲ့ Investလုပ်မယ်ဆိုရင်တော့ တစ်ခုပဲပြောချင်ပါတယ် - "You are
going to need a lot of LUCK"။
Trading is a totally different ball game
အများစု
Stock Tradingဝင်လုပ်ပြီး Marketထဲကနေ Washed Outဖြစ်ဖြစ်သွားရတဲ့
အဓိကတရားခံကတော့ အဲဒီ့Long-term investing mindsetကို Trading arenaထဲကို
ဆွဲခေါ်လာလို့ပါပဲ။ Tradingလုပ်ဖို့ Totally different mindsetလိုပါတယ်။
ကျွန်တော်ဒီBlogရေးစက ပြောဖူးတဲ့ 3M (mindset, method, management)ဟာ
အရမ်းအရေးကြီးပါတယ်။ Technical Analysis(TA)နဲ့ Fundamental
Analysis(FA)ကို လေ့လာနိုင်သလောက် တတ်နိုင်ပါတယ်။ ဒါပေမယ့်
TAနဲ့FAသိတဲ့လူတိုင်းဘာလို့ ပိုက်ဆံမရှာနိုင်ရသလည်း? အဓိကကတော့ mindsetနဲ့
managementပိုင်းမှာ တယောက်နဲ့တယောက် ကွာသွားလို့ပါပဲ။
Mythbusting
Tradingနဲ့ပတ်သက်ပြီး
Mythတွေတော်တော်များများရှိပါတယ်။ ဦးနှောက်အရမ်းကောင်းရမယ်၊
ပိုက်ဆံအများကြီးအရင်ရှိရမယ်၊ ဈေးကြီးတဲ့ Stock Market Analysis Reportတွေ
ဝယ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးဟာ Mythတွေကြီးပါပဲ။ Tradingလုပ်ရင်
သေချာမှာတွေ ကျွန်တော်ပြောပြမယ်။
- သေချာလေ့လာ Analysisလုပ်ပြီး Entryကောင်းကောင်းလေးဝင်ထားဦး၊ ရှုံးနိုင်သေးတယ်။
- မသေမချာနဲ့ သူများပြောတိုင်းလိုက်ဝယ်၊ ရှုံးဖို့တော်တော်လေးသေချာတယ်။
- လောင်းကစားသလို မျက်စိမှိတ်ပြီး ကောက်သာဝယ် သေချာပေါက်ရှုံးမယ်။
ဒီအချက်သုံးချက်ကနေ
ဘာကိုကောက်ချက်ချနိုင်သလည်းဆိုတော့ Tradingလုပ်ရင် ရှုံးဖို့Chanceက
ပိုများပါလားလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် သန်းထောင်နဲ့ချီပြီး
တစ်နေ့တစ်နေ့ Marketထဲမှာ Tradeနေကြတာ ဘာလိုများ
ပိုက်ဆံရှာနေကြသလည်းဆိုပြီး မေးနိုင်ပါတယ်။ အဖြေကတော့ Professionalsတွေ၊
Institutionsတွေဟာ "ရှုံးတာထက် မြတ်တာက ပိုများလို့ပါ"။ မြန်မာလိုပြောတော့
အဓိပ္ပါယ်က နည်းနည်းလုံးသွားတယ်။ တိတိကျကျပြောရရင် ရှုံးတဲ့အကြိမ်က
မြတ်တဲ့အကြိမ်ထက် ပိုများချင်များမယ်၊ ဒါပေမယ့်
ရှုံးရင်ငွေနည်းနည်းပဲရှုံးပြီး မြတ်ရင် ငွေများများပိုမြတ်တဲ့အခါမှာ Net
balanceဟာ Positiveပြနိုင်ပါတယ်။
Lose Less, Make More
အခုလောက်ဆိုရင်
Tradingရဲ့ Core Principleကို သိပြီထင်ပါတယ်။ အဓိကကတော့ Lossတွေကို
သေချာManageလုပ်ဖို့ပါပဲ။ Lossကိုနိုင်နင်းရင် Profitပိုင်းက Automatic
handleလုပ်သွားပါလိမ့်မယ်။ Stop-loss, Stop-lossဆိုပြီး
ကျွန်တော်ရေးရေးနေတာ တွေ့ဖူးမှာဖြစ်သလို၊ သူများတွေပြောတာ၊ Trading
Bookတွေထဲမှာ ပြောပြောနေတာ တွေ့ဖူးမှာပါပဲ။ အပြောလွယ်သလောက်
အလုပ်ခက်ဆိုတဲ့အရာထဲမှာ အဲဒီ့Disciplineဟာ ထိပ်ဆုံးမှာပါပါတယ်။
အားလုံးနားလည်အောင်ပြောရရင် ဘာနဲ့တူသလည်းဆိုတော့ Weightချတာနဲ့ အတူတူပဲ။
နည်းနည်းလေ့လာလိုက်ရင် လူတိုင်းဘယ်လိုWeightချရမလည်း သိတယ်မဟုတ်လား။
ဒါပေမယ့် တကယ်လည်းလုပ်ရော သိတဲ့အတိုင်းပဲ :) Part IIမှာ Stop-loss,
Profit-taking, Money Managementအသေးစိတ်ကို ဆက်ရေးသွားပါ့မယ်။
No comments:
Post a Comment