Thursday 17 December 2015

ဖယောင်းတိုင်လေးတွေကပြောသော ဈေးကွက်အခြေနေ (၁)


'ပုံ-၁'
ပုံ-၁
Candlestick chart နဲ့ ပတ်သက်ပြီး post အဟောင်းတခုမှာပြောခဲ့ဖူးပါတယ်၊ ဒီတခါ တော့ candlestick လေးတွေရဲ့  ပုံစံကိုကိုကြည့်ပြီး ဈေးနှုန်းအတက်အကျ အပြောင်းအလဲကို ဘယ်လို ခန့် မှန်းလို့ ရသလဲဆိုတာကိုပြောပြပါမယ်၊
Candlestick ရဲ့ ဖယောင်းတိုင်ပုံစံ body က အပိတ်ဈေးက အဖွင့်ဈေးထက် မြင့်သလား နိမ့်သလားဆိုတာကိုဖော်ပြပါတယ်၊ Candlestick ရဲ့  body က အမဲရောင် သို့ မဟုတ် အနီရောင်ဆိုရင် အပိတ်ဈေးက အဖွင့်ဈေးထက်နိမ့်ပြီး အဖြူရောင် သို့ မဟုတ် အစိမ်းရောင်ဆိုရင် အပိတ်ဈေးက အဖွင့်ဈေးထက်မြင့်ကြောင်းသိနိုင်ပါတယ်၊Candlestick ရဲ့  body အပေါ်ဘက်က မျဉ်းထောင်လေးက ဒီနေ့ အတွက် သိ့ မဟုတ် ဒီတပတ်အတွက် အမြင့်ဆုံးဈေးကိုဖော်ညွှန်းပြီး အောက်ဘက်က မျဉ်းစိုက်လေးက အနိမ့်ဆုံးဈေးကိုဖော်ညွှန်းပါတယ်၊ ပုံ-၁ ကိုကြည့်ပါ၊ အဲဒီ candlestick လေးတွေကိုကြည့်ုပြီး ဈေးကွက်ထဲမှာ ရှိတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား အနည်းအများကိုဖြစ်ပေါ်စေတဲ့ လူတွေရဲ့  စိတ်ခံစားမှု့ ကိုသိနိုင်ပါတယ်၊ မှတ်ရလွယ်အောင် အဲဒီလူတွေကို တစုက ဈေးကျမယ်လို့  ထင်ပြီးရောင်းချင်တဲ့အုပ်စု ( Bear group) နဲ့  နောက်တစုက ဈေးတက်မယ်ထင်လို့  ဝယ်ချင်တဲ့အုပ်စု ( Bull group) ဆိုပြီးတော့ အုပ်စု ၂ စု ခွဲ လိုက်ပါမယ်၊ ဈေးကွက်ထဲမှာ Bull group က အင်အားများလာရင် ဝယ်လိုအားများပြီးဈေးတက်လာမယ်၊ Bear group က အင်အားများလာရင် ရောင်းလိုအားများပြီး ဈေးကျလာနိုင်ပါတယ်၊ candlestick ရဲ့  pattern လေးတွေကိုကြည့်ပြီး အမျိုးအစားခွဲကြည့်ရင် အောက်ပါအတိုင်းတွေ့  ရပါမယ်၊

#1: Doji

'ပုံ-၂' Doji လို့ ခေါ်တဲ့ candlestick ရဲ့ ပုံစံ က အဖွင့်ဈေးနဲ့ အပိတ်ဈေး နီးကပ်လွန်းသောကြောင့် candle ရဲ body ကိုတောင်မတွေ့ ရတော့ပဲ အပေါင်းလက္ခဏာပုံစံ ဖြစ်သွားပါတယ်၊ အဲဒါဘာကိုဆိုလိုသလဲဆိုတော့ ဈေးကွက်ထဲမှာ Bull အုပ်စုနဲ့  Bear အုပ်စုဟာ အင်အားခြင်းပြိုင်နေရာက ဘယ်အုပ်စုမှအားမသာသေးပဲ မကြာခင်မှာ အုပ်စုတခုခုက အားသာသွားပြီး ပြောင်းပြန်အခြေနေ သို့ မဟုတ် အပြောင်းအလဲတခုခုဖြစ်တော့မှာ ဖြစ်ကြောင်းသိနိုင်ပါတယ်၊ ပုံ-၂ နဲ့  ပုံ-၃ ကိုကြည့်ပါ၊၊

'ပုံ-၄'

'ပုံ-၃'






# 2: Bullish Engulfing & Bearish Engulfing

'ပုံ-၁'
ပုံ-၁
ဒီ candlestick ရဲ့  pattern မှာတော့ candle လေး ၂ ခုရဲ့  body ကိုနှိုင်းယှဉ်ပြီး ခန့် မှန်းရမှာဖြစ်ပါတယ်၊ body ရဲ့  အပေါ်က မျဉ်းထောင်လေးနဲ့  အောက်က မျဉ်းစိုက်လေးတို့ ကို ထည့်သွင်းစဉ်းစားစရာ မလိုပါဘူး၊ ပုံ-၁ မှာကြည့်ပါ ၊ ပထမ candle ( အနီရောင်) ကို ဒုတိယ candle ( အစိမ်းရောင်) က အပြည့်အဝ(engulf) ဝါးမျို သွားကာ၊ Bullish group က အင်အားများသွားပြီး ဝယ်လိုအားများလာအောင်တွန်းပို့  ပေးလိုက်တဲ့ အတွက် ဈေးတက်တော့မယ်လို့  ခန့်  မှန်းနိုင်ပါတယ်၊ ပုံ-၂ မှာလည်း ထိုနည်းလည်းကောင်းပါပဲ ၊ ပထမ candle ( အစိမ်းရောင်) ကို ဒုတိယ candle ( အနီရောင်) က ထက်ဝက်တိတိကြီးသွားတဲ့အတွက် Bearish group က အင်အားကြီးသွားပြီး ရောင်းလိုအားများလာအောင် တွန်းပို့  ပေးလိုက်တဲ့အတွက် ဈေးကျတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ်၊







# 3 : & Hanging man & Hammers pattern

ဒီ candlestick ၂ ခုဟာ ပုံစံကအတူတူပဲဖြစ်ပြီး အရောင်ကိုထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး၊ candlestick ရဲ့  body နဲ့  နေ့ တနေ့ အတွက် အနိမ့်ဆုံးဈေးကိုကိုယ်စားပြုတဲ့ Body အောက်က မျဉ်းစိုက်လေးပဲပါဝင်ပြီး အဲဒီ မျဉ်းစိုက်လေးက Body ထက် အနည်းဆုံး ၂ ဆ ခန့် ပိုရှည်လေ့ရှိတယ် ၊ body အပေါ်ဘက်က အမြင့်ဆုံးဈေးကို ကိုယ်စားပြုတဲ့ မျဉ်းထောင်လေးကတော့ပျောက်နေတတ်ပါတယ်၊ ပုံ-၁ ကိုကြည့်ပါ၊
ဈေးတက်နေတဲ့အချိန် uptrend မှာ အဲဒီသင်္ကေတ လေးကိုတွေ့ ရင် Hanging man အဖြစ် မှတ်ပါ၊ ဈေးကျနေတဲ့အချိန် downtrend မှာတွေ့ ရင်တော့ Hammers pattern အဖြစ်သိနိုင်ပါတယ်၊ Hanging man ကတော့ မူရင်းအဓိပ္ပါယ်ကိုက တွဲလွဲခိုတဲ့သူ ဆိုတော့ အောက်ကိုဆွဲချတဲ့အတွက် Bearish signal ကိုပြပါတယ်၊ Hammers ကတော့ Bullish signal ကိုပြပါတယ်၊ ပုံ-၂ မှာကြည့်ပါ၊

ရေးသူ-C2
https://www.facebook.com/Stock-share-အကြောင်းသိကောင်းစရာများ

No comments:

Post a Comment