Sunday 6 December 2015

Chart Pattern များအကြောင်း (၁)

Chart Pattern များအကြောင်း
# 1: 'Symmetrical Triangle '
Chart Pattern analysis လုပ်ခြင်းဟာလည်း ဈေးကွက်ထဲမှာဈေးနှုန်းတွေရဲ့ အတက်အကျကို တွန်းအားပေးနေတဲ့ supply နဲ့ demand တို့ အပေါ်မူတည်ပြီး stock price ရဲ့  ဦးတည်ရာလမ်းကြောင်းကို ခန့် မှန်းတဲ့နေရာမှာ အသုံးဝင်လှပါတယ်၊ Chart Pattern analysis လုပ်တဲ့နည်းတွေအများကြီးရှိတဲ့အထဲက အသုံးအများဆုံး Chart Pattern အချို့ ကိုဖော်ပြပေးပါ့မယ်၊
# 1: 'Symmetrical Triangle '
Stock price တခုဟာ uptrend အနေနဲ့  တောက်လျောက် ဈေးတက်လာပြီးမှ တနေရာအရောက်မှာ ရပ်သွားပြီး ဘေးတိုက်ရွေ လျြားမှု့ ( consolidation ) အခြေနေဖြစ်သွားပါတယ်၊ အဲလိုအခြေနေနဲ့ ရွေ့ လျားနေရင်း symmetrical triangle ပုံစံဖြစ်ပေါ်လာခဲ့ရင် မကြာခင်မှာ ဈေးနှုန်းရုတ်တရက် ထောင်တက်ခြင်း ၊ ထိုးကျခြင်းတို့ ဖြစ်တော့မယ်လို့  ခန့် မှန်းနိုင်ပါတယ် ၊ အများအားဖြင့် symmetrical Triangle ပုံစံဟာ uptrend အခြေနေမှာဖြစ်ပေါ်ခဲ့ ရင် ဈေးနှုန်းထောင်တက်တတ်လေ့ရှိပြီး Downtrend မှာဖြစ်ပေါ်ခဲ့ရင် ဈေးနှုန်းထိုးကျလေ့ရှိပါတယ်၊ ဒါပေမယ့်
အမြဲတမ်းအဲလိုဖြစ်လိမ့်မယ်လို့ ပုံသေမှတ်ယူထားလို့ မရပါဘူး၊ အဲလို triangle ပုံစံဖြစ်ပေါ်လာပြီဆိုရင် အရင် post တွေမှာဖော်ပြထားတဲ့ indicator ၅ ခုနဲ့ တိုက်ဆိုင် နှိုင်းယှဉ်ကြည့်ပါ၊ uptrend အနေနဲ့ ရွေ့ လျားနေတဲ့ stock price တခုဟာ consolidation အခြေနေဖြစ်သွားပြီး symmetrical triangle ပုံစံဖြစ်ပေါ်နေပြီ၊ SMA line တွေဖြစ်တဲ့ 20 day က 50 Day ကိုဖြတ်ပြီး အပေါ်ကိုဦးတည်နေမယ်၊ MACD line က လည်း '0' အမှတ်ရဲ့  ပေါ်ဘက် Bullish area ကိုရောက်နေမယ်၊ stochastic line တွေဖြစ်တဲ့ %k line က %D line ကို ဖြတ်ပြီး အမှတ် '50' ထက်ကျော်သွားမယ်၊ RSI line ကလည်း bullish divergence ပုံစံဖြစ်ပေါ်နေမယ် တချိန်တည်းမှာပဲ Parabotic အစက်ကလေးတွေကလည်း stock priceရဲ့ အောက်ဘက်မှာရောက်နေပြီး အပေါ်တက်မလို့ အချက်ပြနေရင် ဒါဟာ မကြာခင် မှာ ယခင်ဖြစ်ပေါ်နေတဲ့ ဈေးကို breakout လုပ်ပြီးဈေးနှုန်း ထောင်တက်တော့မယ်လို့ ခန့် မှန်းနိုင်ပါတယ်၊ ဘယ်ချိန်မှာ ဝယ်ရမလဲဆိုတော့ triangle ပုံစံထဲမှာဖြစ်ပေါ်နေတဲ့  wave တွေထဲက နောက်ဆုံးဖြစ်ပေါ်တဲ့ wave ရဲ့  ထိပ်ဆုံးကို ဈေးနှုန်းရောက်တဲ့အချိန်ပဲဖြစ်ပါတယ်၊ Stop loss ကိုတော့ အဲဒီ နောက်ဆုံး wave ရဲ့  အနိမ့်ဆုံး ရောက်တဲ့အချိန်မှာထားပါ၊ ပုံ-၁ ကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်၊ Downtrend မှာ triangle ဖြစ်ပေါ်ခဲ့ ရင်လည်း ဆန့် ကျင်ဘက် ပြန်စဉ်းစားပြီး ခန့် မှန်းကာ stock ကိုဝယ်ယူခြင်းဖြင့် အကျိုးအမြတ်တွေရနိုင်ပါတယ်၊ ပုံ-၂ ကိုကြည့်ပါ၊၊
ရေးသူ- C2
https://www.facebook.com/Stock-share-အကြောင်းသိကောင်းစရာများ

No comments:

Post a Comment