Thursday 17 December 2015

Chart Pattern များအကြောင်း (၃)

# 3 : Bull Flag & Bear Flag

ဒီ Flag pattern ကတော့ stock price တခုဟာ အတက် အကျ ရွေ့ လျားနေရင်း Flag (တိုင်မှာအလံလွှင့်ထူထားသလိုမျိုး) ပုံစံဖြစ်ပေါ်လာတဲ့အတွက် ခေါ်ဆိုကြခြင်းဖြစ်ပါတယ်၊ uptrend အခြေအနေမှာဖြစ်ပေါ်တာကို Bull Flag လို့ ခေါ်ပြီ downtrend မှာဖြစ်ပေါ်တာကိုတော့ Bear Flag လို့ သတ်မှတ်ပါတယ်၊ uptrend မှာ Bull Flag ဖြစ်ပေါ်ခဲ့ရင် stock price ဟာ အလံတိုင်ကဲသို့  candlestick လေးတွေဟာ အဆင့်ဆင့် ဈေးနှုန်းမြင့်တက်သွားပြီး တနေရာအရောက်မှာပြန်ပြီးဈေးကျဆင်းသွားကာ အလံလွှင့်ထားသကဲ့သို့ ပုံစံဖြစ်ပေါ်လာပြီဆိုရင် မကြာခင်မှာအဲဒီအလံပုံစံထဲကဖောက်ထွက်ပြီး Stock price တွေ Breakout ဖြစ်မယ့် အချိန်ကိုစောင့်ပြီးဝယ်ခြင်းဖြင့် အကျိုးမြတ်တွေရယူနိုင်ပါတယ်၊ ပုံကိုကြည့်ပါ၊ 
Bear Flag လည်း ဒီအတိုင်းပါပဲ၊ ဈေးတွေကျဆင်းနေရာက တနေရာမှာရပ်သွားပြီး ပြန်ထောင်တက်ကာ အလံ စောက်ထိုးပုံစံလေးဖြစ်ပေါ်လာရင် မကြာခင်မှာဖောက်ထွက်တော့မယ့် breakout ဖြစ်တာကိုစောင့်ပြီး ဈေးမထိုးကျခင်မှာ ရောင်းခြင်းဖြင့် အကျိုးမြတ်တွေရနိုင်ကြပါစေ၊၊ ပုံကိုကြည့်ပါ၊ 
















 ရေးသူ-C2
https://www.facebook.com/Stock-share

No comments:

Post a Comment