Saturday 5 December 2015

Online Trading ဆိုတာ

Online Trading ဆိုတာ အင်တာနက်ကို အသုံးပြူ ပြီး အရောင်းအ၀ယ်ပြုလုပ်ခြင်းပါ။ ဈေးနဲနေချိန်မှာ ၀ယ်ယူပြီး ဈေးတက်ချိန်မှာ အချိန်နဲ့  တပြေးညီရောင်းထုတ်ကာ အမြတ်ရယူခြင်းဖြစ်ပါတယ်။ Online Trading Market ထဲမှာ Stock Trading နဲ့  Forex Trading တို့ လဲပါဝင်ပါတယ်။ လူအများ ရောထွေး အမှတ်မှားတတ်သော market ၂ခုပါ။
၁။ Stock Trading ဆိုတာ့  Stock Share (သို့) ကုမ္ပဏီ ရှယ်ယာ တွေကို Broker (ခေါ်) ရှယ်ယာ ပွဲစားမှ တဆင့် ၀ယ်ရောင်း လုပ်ေ်ပးခြင်း ဖြစ်ပြီး တနေ့ ကို ၇နာရီခန့် သာ ဈေးကွက်ဖွင့်ပေး လေ့ရှိပါတယ်။ ရေရှည် ရင်းနှီးမှု့အတွက် ပိုမိုတွက်ခြေကိုက်ပါတယ်။ ၊ Stock market မှာ ရင်းနှီးမြှုပ်နှံရန်အတွက် Brokerage account တခုဖွင့်ဖို့  Broker တွေအပေါ်မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အထိသတ်မှတ်ထားလေ့ရှိကြပါတယ်၊၊
၂။ FX (သို့ ) Forex Trading ကတော့ နိုင်ငံခြားငွေ ၀ယ်ရောင်းလုပ်ခြင်းပါ။ ပွဲစားမလိုပဲ တနင်္လာနေ့ မှ သောကြာနေ့ထိ ၅ရက်လုံး ၂၄နာရီ ၀ယ်ရောင်းလုပ်လို့ ရပါတယ်။ Day Trading အမျိုး အစားဖြစ်ပြီး နေ့ချင်းပြီး အရောင်းအ၀ယ်လုပ်ကာ အမြတ်ရယူကြလေ့ရှိပါတယ်။Forex market မှာ trading လုပ်ရန်အတွက် account တခုဖွင့်ဖို့  အနိမ့်ဆုံး၅၀ ဒေါ်လာလောက်နဲ့ တောင်မှ စတင် ရောင်းဝယ်ပြုလုပ်နိုင်ကြပါတယ်၊၊
ဒီ page လေးက Forex Trading ကိုပဲ အလေးပေးရေးသား သွားမှာ ဖြစ်ပါတယ်။

1 comment: