Thursday 17 December 2015

Chart Pattern များအကြောင်း(၂)

# 2 : Ascending & Descending Triangle
Stock price တခုဟာ Bullish အနေနဲ့  ဈေးနှုန်းတွေ မြင့်တက်နေရာမှ တနေရာအရောက်မှာ ရပ်သွားပြီး (consolidation )အခြေနေ ဘေးတိုက်အနေအထားနဲ့  ရွေ့ လျားသွားနေရင်း Ascending Triangle ပုံစံဖြစ်ပေါ်လာခဲ့ပြီဆိုရင် မကြာခင်မှာ ဈေးနှုန်းတွေရဲ့  ဦးတည်ရာလမ်းကြောင်းအပြောင်းအလဲဖြစ်တော့မှာကို ခန့် မှန်းနိုင်ပါတယ်၊ stock price တွေရဲ့  ရွေ့ လျားမှု့  လှိုင်းတွေကို trend လိုင်းဆွဲကြည့်ရင် အပေါ်ဘက် resistance line က ရေပြင်ညီပုံစံ မျဉ်းအဖြောင့်တိုင်းရွေ့ လျားနေတာကိုတွေ့  ရမှာဖြစ်ပါတယ်၊ အောက်ဘက် support line ကတော့ အပေါ်ဘက်ကိုထောင်တက်သွားကာ အဖျားမှာကျဉ်းသွားရာက Triangle ပုံစံဖြစ်သွား တာကိုတွေ့ ရပါမယ်၊ ပုံမှာကြည့်ပါ၊  
stock price ရဲ့  ဦးတည်ရာလမ်းကြောင်း ဟာ အဲဒီ triangle ပုံစံကို ဖောက်ထွက်ပြီး break out ဖြစ်သွားကာအပေါ်ဘက်ကိုထောင်တက်သွားပြီဆိုရင် Stock ဈေးတွေထောင်တက်တော့မယ်လို့  အကြမ်းဖြင်းခန့် မှန်းနိုင်ပြီး indicator တွေနဲ့  တိုက်ဆိုင်နှိုင်းယှဉ်ကြည့်ကာ ဝယ်ဖို့  signal ပြပြီဆိုမှ ဝယ်ယူခြင်းဖြင့် ဈေးတက်လာတဲ့အခါ အမြတ်အစွန်းတွေရရှိနိုင်ပါတယ်၊ Descending Triangle ကလည်း ထိုနည်းလည်းကောင်းပါပဲ Bearish အနေနဲ့ ဈေးနှုန်းတွေကျဆင်းနေရာကနေ တနေရာအရောက်မှာရပ်သွားပြီး consolidation ဖြစ်ရွေ လျြားနေရင်း Descending Triangle ပုံစံဖြစ်ပေါ်လာခဲ့မယ် ၊ ပြီးတော့ stock price တွေဟာ Triangle ပုံစံကိုဖောက်ထွက်ပြီး breakout ဖြစ်သွားကာ အောက်ဘက်ကို ဦးတည်သွားပြီဆိုရင် ဈေးနှုန်းတွေဟာ မကြာခင်ထိုးကျတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ်၊ ဒါပေမယ့် indicator တွေနဲ့ တိုက်ဆိုင်ကြည့်ပြီး confirm လုပ်ဖို့ လည်းလိုအပ်ပါသေးတယ်၊ Descending Triangle ဖြစ်ပေါ်နေသော stock price ကို မျဉ်းဆွဲကြည့်ရင့်  support line က ရေပြင်ညီ ပုံစံ မျဉ်းဖြောင့်တိုင်းရွေ့ လျားနေပြီ resistance line က အောက်ဘက်နိမ့်ဆင်းသွားကာ အဖျားမှာကျဉ်းသွားပြီး triangle ပုံစံဖြစ်ပေါ်သွားတာကိုတွေ့  ရပါမယ်၊ ပုံကိုကြည့်ပါ၊ 
 

ရေးသူ-C2
https://www.facebook.com/Stock-share

1 comment: