Friday 18 December 2015

ဖယောင်းတိုင်လေးတွေကပြောသော ဈေးကွက်အခြေနေ (၂)

# 4 : Piercing Pattern & Dark Cloud

candle လေး ၂ ခုမှာ ပထမတခုက အမဲရောင် သို့ မဟုတ် အနီရောင်(Bearish candle) ဖြစ်မယ် ၊ ဒုတိယတခုကတော့ အဖြူရောင် သို့ မဟုတ် အစိမ်းရောင်( Bullish candle) ဖြစ်ပြီးတော့ ဒုတိယနေ့ Bullish candle က ပထမနေ့  Bearish candle ရဲ့  ထက်ဝက်ကျော် (50% )အထက် လောက်မှာ ဈေးပိတ်သွားမယ် ပြီးတော့ ဒုတိယနေ့ အဖွင့်ဈေးက ပထမနေ့ အပိတ်ဈေးအောက် ဈေးအနည်းငယ်ကျဆင်းသွားပြီးမှ ဖွင့်မယ်ဆိုရင် ဒါကို Piercing Pattern လို့ ခေါ်ကြပါတယ်၊။ ( အစိမ်းရောင် သို့  အဖြူရောင် candle ဟာ အပိတ်ဈေးက အဖွင့်ဈေးထက်မြင့်တာကို ဖော်ညွှန်းပြီး အနီရောင် သို့  အမဲရောင် candle က အပိတ်ဈေးက အဖွင့်ဈေးအောက်နိမ့်တယ်လို့ ဆိုလိုပါတယ်) Piercing Pattern ကို downtrend မှာတွေ့ ရင် မကြာခင်မှာ ဈေးတက်တော့မှာမို့ လို့  stock တခုကိုဝယ်ယူခြင်း သို့ မဟုတ် short position ကို close out လုပ်ခြင်းတို့ ကို လုပ်သင့်ပါတယ်၊ ဒါပေမယ့် အဲဒီ pattern တခုတည်းကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးလည်းမလုပ်သင့်ဘူး၊ တခြား indicator တွေနဲ့ တိုက်ဆိုင်ကြည့်ပြီးမှ လုပ်တာကပိုပြီးသေချာတာပေါ့၊ တကယ်တမ်းကြတော့ Piercing Pattern ဟာ တခြား indicator တွေက buy signal ပြတဲ့အချိန်မှာ သူ့ နဲ့ တိုက်ဆိုင်ကြည့်ပြီး ဝယ်သင့် မဝယ်သင့် confirm လုပ်တဲ့ Pattern တခုဖြစ်ပါတယ်၊ ပုံ-၁ နဲ့  ပုံ -၂ ကိုကြည့်ပါ၊ 
 
 

# 5: Bullish Harami & Bearish Harami
Stock price တခုဟာ downtrend အနေနဲ့  ကျဆင်းနေတဲ့ အချိန်မှာ ရုတ်တရက် Bullish group တွေက market ထဲကိုဝင်လာပြီး မနေ့ က အပိတ်ဈေးထက် မြင့်တဲ့ဈေးတခုနဲ့  ဒီနေ့  ဈေးကိုစဖွင့်လိုက်ကြတယ်၊ တချိန်ထဲမှာပဲ Bearish group တွေကလည်း မနေ့ က ဆုံးရှုံးသွားတာကို ကာမိဖို့ အတွက် သူတို့ ရဲ့  short position ကို close လုပ်ကြတဲ့အတွက် stock ဈေးဟာကျနေရာကနေ အခြေနေပြောင်းသွားပြီး ဈေးပြန်တက်လာပါတယ် အဲဒီလို ဈေးကွက်ထဲမှာဖြစ်ပျက်နေတာကို stock chart ရဲ့  candlestick လေးတွေက အခုလိုဖော်ပြပေးပါတယ်၊ အမဲရောင် သို့  အနီရောင် (အားလုံးအရောင်တူ) Bearish candle လေးတွေဟာတာက်လျောက်ကျဆင်းနေပြီး တနေရာအရောက်မှာ အဖြူရောင် သို့  အစိမ်းရောင် candle လေးအဖြစ်ပြောင်းသွားပါတယ် ( အဲဒီပြောင်းတဲ့နေရာမှာ ပထမ Bearish candle က ရှည်ပြီး ဒုတိယ Bullish candle ရဲ့  open နဲ့  close price ဟာ ပထမ Bearish candle ရဲ့  အတွင်းထဲမှာရှိနေရပါမယ်) အဲဒီလိုဖြစ်ပေါ်လာသော Pattern ကို Bullish Harami လို့ ခေါ်ပါတယ် ၊ အပုံ-၁ မှာကြည့်ပါ၊ 

Bearish Harami ကတော့ Bullish Harami ရဲ့  ပြောင်းပြန်ပေါ့ ဈေးတက်နေတဲ့အချိန်မှာ Bearish Group တွေဝင်လာမယ် မနေ့ ကအပိတ်ဈေးအောက် နိမ့်တဲ့ဈေးနဲ့  ဒီနေ့  ကို ဈေးစဖွင့်မယ်၊ Bull တွေလည်း ဈေးကျတော့မယ်ဆိုပြီး သူတို့  stock တွေကိုရောင်းထုတ်ပြီး အမြတ်တွေသိမ်းလိုက်ကြတဲ့အတွက် တက်နေတဲ့ stock ဟာအခြေနေပြောင်းသွားပြီးဈေးအကျဘက်ဦးတည်သွားပါတယ်၊ candlestick ကတော့ ဒီလိုပြပါမယ်၊ အစိမ်း သို့  အဖြူ ရောင် Bullish Candle တွေဟာ အရောင်တူလေးတွေအဖြစ်နဲ့  တောက်လျောက်တက်နေရာက တနေရာအရောက်မှာ Bearish candle အဖြစ်ပြောင်းသွားပါတယ် ၊ အဲဒီပြောင်းတဲ့နေရာမှာ ပထမ Bullish candle က ရှည်ပြီး ဒုတိယ Bearish candle ရဲ့  open နဲ့  close price ဟာ ပထမ candle ရဲ့  အတွင်းမှာ ရှိနေပါလိမ့်မယ်၊ အပုံ-၂ ကိုကြည့်ပါ.




#6 :Morning star & Evening star
Downtrend တခုရဲ့  အောက်ခြေမှာ candle လေးသုံးခုဟာ အပုံ-၁ မှာပြထားသလိုတွေ့ ရရင် Morning star လို့  ခေါ်ပါတယ်. Morning star Pattern ဖြစ်ပေါ်ဖို့ အတွက် အောက်ပါအချက်လေးချက်နဲ့  ကိုက်ညီရပါမယ်.

၁) downtrend ဖြစ်ရမယ် ..
၂) ပထမ candle က အမဲ သို့  အနီရောင်ဖြစ်ပြီး candle ကရှည်ရမယ်.. ၃) ဒုတိယ candle ကတော့ တို ပြီး မည်သည့်အရောင်မဆိုဖြစ်နိုင်ပါတယ်..ပြီးတော့ ပထမ candle ရဲ့  အောက်ဘက်မှာ ဈေးပိတ်သွားမယ်...
၎) တတိယ candle က အဖြူ သို့  အစိမ်းဖြစ်ပြီး ရှည် ရမယ်..ပြီးတော့ ဒုတိယ candle ရဲ့  အပေါ်ဘက်မှ ဈေးစဖွင့်ပြီး ပထမ candle ရဲ့  ထက်ဝက်ကျော်လောက်မှာ ဈေးပိတ်သွားမယ်..
Morning star Pattern ကိုတွေ့  ရင် မကြာခင်မှာ trend ရဲ့  ဦးတည်ရာလမ်းကြောင်းပြောင်းတော့မယ်လို့  သိနိုင်ပါတယ်..အပုံ-၂ မှာကြည့်ပါ၊ 


Evening star ကတော့ Morning ရဲ့  ပြောင်းပြန်ပေါ့.. uptrend မှာ candle လေး သုံးခုကိုတွေ့ မယ် . ပထမ candle က အဖြူ သို့  အစိမ်းဖြစ်မယ် .candle body ရှည်မယ်.. ဒုတိယ candle ကတော့ body တိုပြီး ပထမ candle ရဲ့  အပေါ်ဘက်က ဈေးပိတ်သွားမယ် ( အရောင်ကတော့မည်သည့်အရောင်မဆိုဖြစ်နိုင်တယ်) . တတိယ candle ကတော့ အမဲ သို့  အနီဖြစ်မယ်. ရှည်မယ်..ဒုတိယ candle ရဲ့ အောက်ဘက်က ဈေးစဖွင့် ပြီး ပထမ candle ရဲ့  ထက်ဝက်ကျော်လောက် နိမ့်ကာ ဈေးပိတ်သွားရင် evening star pattern လို့  သိနိုင်ပြီး မကြာခင်မှာ uptrend ရဲ့  ဦးတည်ရာလမ်းကြောင်းပြောင်းတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ် . အပုံ-၃ နဲ့  -၄ ကိုကြည့်ပါ..



# 7 : Shooting Star & Inverted hammer
Stock price တခုဟာ uptrend အနေနဲ့ ဈေးတက်နေတဲ့ အချိန်မှာ candle ရဲ့  body ထက် နှစ်ဆခန့် ရှည်တဲ့ အပေါ်ဘက်က နေ့ တနေ့ အတွက် အမြင့်ဆုံးဈေးကိုဖော်ပြတဲ့ မျဉ်းထောင်လေးတခုနဲ့  candlestick ကိုတွေ့ ရင် shooting star လို့  သိနိုင်ပြီး မကြာခင်ဈေးကျတော့မယ်လို့  ခန့် မှန်းနိုင်ပါတယ်. Shooting star တွေမှာ အများအားဖြင့် နေ့ တနေ့ အတွက်အနိမ့်ဆုံးဈေးကိုဖော်ပြတဲ့ မျဉ်းစိုက်လေးဟာပျောက်နေတတ်ပြီး candle body ရဲ့ အရောင်ကိုတော့ ထည့်သွင်းစဉ်းစားခြင်းမရှိသော်လည်း အမဲ သို့  အနီရောင်ဆိုရင်တော့ ဈေးကျဖို့ ရာခိုင်နှုန်းများတာပေါ့ .(shooting star pattern ဟာ hanging man pattern ကိုပြောင်းပြန်ထောင်တာနဲ့ တူပါတယ်) ပုံ-၁ ကိုကြည့်ပါ..
 

Inverted Hammer pattern ကတော့ hammer pattern ကိုပြောင်းပြန်ထောင်ထားတာဖြစ်ပါတယ်..shooting star ပုံစံနဲ့ အတူတူပဲဖြစ်ပြီး downtrend တွေမှာတွေ့ ရလေ့ရှိပါတယ်၊ downtrend အနေနဲ့  ဈေးတောက်လျောက်ကျလာပြီး candlestick လေးဟာ inverted hammer ပုံစံဖြစ်သွားပြီဆိုရင် မကြာခင်မှာ ဈေးတက်တော့မယ်လို့ ခန့် မှန်းနိုင်ပါတယ်။ candle body အပေါ်က မျဉ်းထောင်လေး ရှည်လေလေ ဈေးအတက်ကြမ်းလေလေပါပဲ၊၊ ထုံးစံအတိုင်း တခြား indicator တွေနဲ့ တိုက်ဆိုင် နှိုင်းယှဉ်ကြည့်ဖို့ တော့မပျင်းနဲ့ ပေါ့ ၊၊ အပုံ-၂ ကိုကြည့်ပါ..


ရေးသူ-C2
https://www.facebook.com/Stock-share-အကြောင်းသိကောင်းစရာများ

No comments:

Post a Comment